အစိုးရရှေ့နေတွေက အေးစက်နေတဲ့အကြည့်နဲ့ သူ့ကို ကြည့်နေလေတယ်။

'မင်း မဝန်ခံရင်တောင် တရားသူကြီးက မင်းတို့ကို သေမိန့်ချမှာပဲ ' ဆိုပြီး ပြောချင်နေသလိုမျိုး...... သူရဲကောင်းနှစ်ယောက်ရဲ့ ပုံရိပ်က ပျက်စီးသွားပြီ ဖြစ်တယ်။ အခု ဘယ်သူကမှ သူတို့ကို သနားနေမှာ မဟုတ်ဘူး။ သူတို့အပေါ် မျှော်လင့်ချက်ရှိသေးတဲ့ လူအနည်းစုတောင် တရားရုံးမှာ စစ်ဆေးတာကြားပြီး မျှော်လင့်ချက်တွေ ပျက်သုန်းသွားလေတယ်။

လူအများကြီးကို တိုက်ရိုက် မဟုတ်ဘဲ သတ်ထားတာတောင်မှ သူတို့တွေ အပြစ်စိတ်နည်းနည်းလေးတောင် မခံစားမိဘူးလား။

" အပြစ်မရှိဘူးလို့ လျှောက်တင်ပြီးပြီ ပြီးတော့ အဲဒီအချိန်က မဟာမိတ် ခေါင်းဆောင်ဖြစ်တဲ့ ဂျိုရှုအာ ရှေ့ကိုထွက်လာပေးပါ " ယွင်ရှန့်က ကျယ်လောင်စွာ ပြောလိုက်တယ်။

တရားသူကြီးက သီးခြားအခန်းမှာ ထိုင်နေတဲ့ မင်းသားကြင်ယာတော်ကို လှမ်းကြည့်လိုက်တယ်။

ဂျိုရှုအာက စက္ကန့်အနည်းငယ် တွေဝေသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်တွေခြေတွေကို အဆ 500 မြေဆွဲအားနဲ့ လက်ထိပ်တွေ ဝတ်ဆင်ထားတာကို သတိရမိသွားတယ်။ တိုက်ခိုက်ဖို့ မဆိုထားနဲ့ ... လှုပ်ရှားဖို့တောင် အနိုင်နိုင်ဖြစ်လေတယ်။ အဲဒါကြောင့် သူက ကျော့ရှင်းသပ်ရပ်စွာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ် " ထိပ်တန်းအရာရှိနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ လိုလားပါတယ် "

ကြယ်တာရာကွန်ယက်မှာ ဒေါသထွက်တဲ့လူအုပ်ကြီးက လှောင်ပြောင်ရယ်မောပြီး ပြောကြတယ်

" ကြင်ယာတော်က အရမ်း ကြင်နာမှုရှိတာပဲ။ သူတို့က ထိပ်တန်းအရာရှိလို့ မခေါ်သင့်ဘူး။ ခေါ်ဖို့လည်း မထိုက်တန်ဘူး။ သူတို့က ပြစ်မှုကျူးလွန်တဲ့သူတွေ သူတို့က ငါတို့အားလုံးကို သတ်တော့မလို့..."

" စီရှယ် မင်း ပြောချင်တာရှိရင် ပြောပါ " ဂျိုရှုအာက နှစ်ယောက်အနီး လျှောက်လှမ်းလာတယ်။

ယွင်ရှန့်က စားပွဲပေါ်က မိုက်ကို ဖွင့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလေတယ်

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now