“အဟက်--ဒင်းတို့လောက်နဲ့”

တစ်စုံတစ်ယောက်သည် ခပ်လှောင်လှောင်သရော်သံပြုကာ သူ့ကိုလိုက်ရှာနေကြသည့်သူများကြားထဲမှပင် အေးဆေးသက် သာစွာ ထွက်လာခဲသည်။ Ri ဘေးမှာ ဖြတ်သွားသည်တောင် Ri တို့သူ့ကိုမသိ။ စိတ်လက်ပေါ့ပါးစွာ လေချွန်လိုက်ရင်းက ကလပ်၏ အနောက်ဘက်ဝင်ပေါက်လူရှင်းသည့် လမ်းကြားထဲက ထွက်လာလိုက်သည်။ လမ်းကြားနံရံကို ခပ်လျောလျောမှီကာ ဆေးလိပ်ဖွာနေသည့် လူကိုမြင်လိုက်ရချိန်တွင်တော့ စောစောက လန်းနေသည့်စိတ်ကလေး နွမ်းသွားရပါတော့သည်။မသိချင် ယောင်ဆောင်ကာ ထိုလူရှေ့က ကျော်သွားလိုက်ကာ ခြေနှစ်လှမ်းပင်မပြည့်သေး-

“ဆံပင်ရှည်လေးစွပ်.မုတ်ဆိတ်တွေအတုတပ် မိတ်ကပ်နည်းနည်းထည့်လိုက်တာနဲ့ ကိုယ် မမှတ်မိဘူးလို့ မင်းထင်နေလား Tay.”

“Aish—P’Singto - ကျွန်တော့်ကို ခဏလောက်လွှတ်ပေးလို့မရဘူးလား.”

Tay တစ်ယောက် နောက်ပြန်လှည့်ကာ သေချာစွပ်ထားသည့် ဆံတုရှည်ကြီးကို ပုံစံပျက်သွားအောင်ဆွဲဖွမိတော့သည်။ မုတ်ဆိတ်တုတွေကိုလည်း စိတ်လေကာ ဆွဲခွာပစ်လိုက်သည်။ Singto က ခပ်တိုးတိုးရယ်သည်။

“ငယ်တော့တဲ့အရွယ်မဟုတ်ဘူး သခင်လေး။ခုချိန်ထိ စိန်ပြေးလိုက်တမ်းကစားနေတုန်းလား။”

သခင်လေး ဟုခေါ်သံကြားတော့ Tay ညစ်ကျယ်ကျယ်စိတ်ကူးလေးပေါ်လာသည်။

“ကျွန်တော် ပြန်မလိုက်ဘူး Yoshi . ဒါအမိန့်ပဲ.”

တမင်သက်သက် Singto ၏ ဂျပန်နာမည်ကိုသုံးကာ အမိန့်ဆန်လိုက်သည်။ သို့သော် Singto ကတော့အပြုံးမပျက်။

“သခင်ကြီးရဲ့အမိန့်စကားနဲ့မို့ သခင်လေး ငြင်းချင်တောင်မရပါဘူး မလိုက်ရင် အင်အားသုံးခေါ်ရလိမ့်မယ်။”

အနောက်ဖက်လမ်းကြားကိုခပ်မြန်မြန်ပြေးထွက်လာသည့် Ri တို့အုပ်စု။ Tay စိတ်လေသထက်လေကာ သက်ပြင်းပူတွေ တစ်လှေကြီးမှုတ်ထုတ်လိုက်တော့သည်။ ဂုဏ်တွေထပ် ပကာသနတွေဟန်ဆောင်မှုတွေနှင့် မျက်နှာဖုံးဧည့်ခံပွဲကို Tay မလိုက်ချင်။သို့ပေမယ့်သူ့ကိုလာခေါ်သူက Singto.
သူ ဘာမှမတတ်နိုင်ပါ။ တိုက်ခိုက်ရေးအရလည်း Singto ကို သူမနိုင်သည်မို့ အေးအေးကြည်သာ လိုက်ခဲ့ရတော့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Taira အုပ်စု၏ ခြံဝင်းထဲတွင် ဂျပန်ရိုးရာဝတ်စုံများဖြင့် အမျိုးသား အမျိုးသမီးများ ပြားပန်းခတ်မျှ လှုပ်ရှားနေကြသည်။ ခြံဝင်း၏ ဂိတ်ဝတွင်လည်း လုံခြုံရေးတင်းကျပ်သည့် စစ်ဆေးရေးတွေလည်းချထားသေးသည်။သက်ဆိုင်ရာအသိုင်းအ၀ိုင်းများ၊ နာမည် ကြီးအုပ်စုများ၏ တာဝန်ရှိသူများ တက်ရောက်ကြသည့် Taira အုပ်စု၏ သားဖြစ်သူ Kan Tay ၏ အသက် ၂၂ နှစ်ပြည့် မွေးနေ့သည် ဧည့်ခံပွဲထက် တစ်ချို့အကျိုးအမြတ်အတွက် ဆွေးနွေးတိုင်ပင်ခြင်းတစ်ပိုင်းတစ်စပွဲလည်းဖြစ်သည်။ Singto ကိုယ်တိုင်သည်လည်း နွေရာသီဝတ် Yukata မိုးပြာရောင်ဖြင့် ခန့်ညားနေကာ သခင်ကြီး၏ဘေးတွင် ရှိနေရသည်။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now