စီရှယ် ဘယ်လို တုံ့ပြန်မလဲ။

ငိုမှာလား။ ကျိန်ဆဲမှာလား။ တိုက်ခိုက်မှာလား။

စီရှယ် ပိုခံစားရလေ သူက ပျော်ရွှင်လေဖြစ်တယ်။

ဒါပေမဲ့ သူ့အထင်က လုံးဝလွဲမှားနေခဲ့တယ်။ ကောင်လေးက စိမ်ပြေနပြေ လမ်းလျှောက်လာပြီး ရုတ်တရက် ကယ်လီရဲ့ အကျီကို ဆွဲကိုင်လိုက်ပြီး နမ်းဖို့ရာ အောက်ကို ဆွဲချလိုက်တယ်။ အဲဒီနောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ပြီး စိတ်သက်သာရာ ရသွားတဲ့ အမူအရာ ပေါ်နေလေတယ်။

" စီရှယ် ... ငါ တောင်းပန်ပါတယ်။ ငါ......" ကယ်လီက ရှင်းပြဖို့ အရဲစွန့်ပြီး ပြောလိုက်တယ်။

" စိတ်မရှိနဲ့။ ကျွန်တော်က တခြား အိုမီဂါ ကို အမှတ်အသား လုပ်ထားတဲ့ အယ်လ်ဖာကို ဒိတ်မလုပ်ဘူး "

ယွင်ရှန့်က အခုလက်ရှိအခြေအနေကို ဖော်ပြရရင် ပျော်နေမိတယ်။ ကယ်လီက သူ့ချစ်သူ မဟုတ်ပေ။ ကံကောင်းစွာနဲ့ ဂျိုရှုအာက လက်ဦးသွားလို့ မဟုတ်ရင် သူတို့ဒိတ်ဖြစ်ခဲ့ရင် ဒီ ကံမကောင်းတဲ့ အချစ်ကို ဖျောက်ဖျက်ဖို့ နည်းလမ်းကို မတွေးမိနိုင်လောက်ပေ။

ကယ်လီက အင်ပါယာရဲ့ ဒုတိယမြောက် ဆက်ခံသူ ဖြစ်ပြီး သူက တော်ဝင်မိသားစုရဲ့ မှေးမှိန်နေတဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိဖို့အတွက် ချယ်မန်းဆီ စာလာသင်ခဲ့ခြင်း ဖြစ်တယ်။ သူက တချို့စစ်တပ်အင်အားကို ချုပ်ကိုင်ချင်လိုတာ ဖြစ်တယ်။ အဲဒါကြောင့် သူက အရည်ချင်းရှိတဲ့သူတွေကို အောင်နိုင်ဖို့ လိုပေတယ်။ မူလဇာတ်ကြောင်း သူ့ကံတရားအရ အော့စ်ဘွန်းရဲ့ သေဆုံးမှုအပြီးမှာ သူက ဂျိုရှုအာကနေတဆင့် ပထမစစ်တပ်ကို ချုပ်ကိုင်နိုင်ခဲ့တယ်။ သူက သူ့အကိုကိုလည်း တိတ်တဆိတ် သတ်ဖြတ်ခဲ့ပြီး လန်နွန်း အင်ပါဟာရဲ့ သမိုင်းကြောင်းမှာ အင်အားအကြီးဆုံး စစ်တပ်နဲ့ ဘုရင် ဖြစ်လာခဲ့တယ်။

သူက အပြင်ဘက်မှာ ညင်သာပြီး ရှက်တတ်တဲ့ပုံပေါ်ပေမဲ့ အတွင်းမှာ တွက်ချက်နေတာ ဖြစ်လေတယ်။ အများရှေ့နှင့် သီးသန့်မှာရော သူက စီရှယ့်ကို ကြီးမားတဲ့ အလားလာကြောင့် လွယ်ကူစွာ လက်မလွှတ်ပေးခဲ့တာ ဖြစ်တယ်။ အခု ဂျိုရှုအာနဲ့ ဖောက်ပြန်တာ သက်သေရှိပြီ ဖြစ်တဲ့အတွက် ယွင်ရှန့်က သူ့ကို အောင်မြင်စွာ ခါချနိုင်ခဲ့တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now