Off : ပီ ကျတော် ရိုက်ပီးပီ အကုန်လုံး...ပြန်ကြည့်လိုက်ဦး..,
Tor : မင်းက ဘယ်ဆိုးလို့လဲ...တော်သားပဲ...အစကသိပ်မယုံချင်ပေမယ့် ခုယုံသွားပီ...Off ဒါနဲ့ ဒီကောင်လေးက ဘယ်သူလဲ...
Off : သူကလား...ကျတော့် သူငယ်ချင်း ပိစိလေ...နာမည်က Gun Atthaphan...ဘာလို့လဲ ပီ...
Tor : ဘာမှမဟုတ်ပါဘူး...မေးကြည့်တာ...
Off : ဒါဆို ကျတော် သွားပြီနော် အကို...
Tor : ကျေးဇူး Off....
ဟေ့ရောင်တွေ ပြန်မယ်လေ...အလုပ်တေပီးပီမလား...
Arm : အင်း ပြန်မယ် ပြီးပြီ...ဒါနဲ့ Gun မင်း မနက်က ကားမပါဘူးလား...
Gun : ဟုတ်တယ် မပါလာဘူး...တာယာထဲ အဆူးဝင်သွားတာ ဘီးပြားနေလို့ ပြင်ဆရာခေါ်ရမှာ...ငါ့မှာ အသိမရှိလို့...
Arm : Off မင်း အသိရှိတယ်မလား...ဖုန်းဆက်ပေးလိုက်ဦး...
Off : ရတယ်လေ...ကားက ခု အိမ်မှာပဲမလား..နေရာပြော ငါလှမ်းခေါ်ပေးမယ်...
Earth : အဲ့ဒါဆို Gun မင်းပြန်ဖို့ ငါလိုက်ပို့ပေးမယ်လေ...
Off : ငါပဲလိုက်ပို့လိုက်မယ်...ကားပြင်သမားခေါ်ပေးရမှာဆိုတော့...ငါလိုက်ပို့လိုက်မယ်...
Gun : ရပါတယ် ငါ့ဘာသာ Taxi ငှားပြန်လိုက်ပါ့မယ်...
"Gun တယောက် Offလိုက်ပို့ရင် သူ့ကို စနေရင် ရန်မဖြစ်ချင်ပဲ ဖြစ်နေရမှာစိုးတာကြောင့် ငြင်းလ်ုက်လေသည်...ဟုတ်တယ် သူ Offနဲ့ ရန်မဖြစ်ပါ...မနက်ကမှ သူ့အကြောင်း သိရပီး သူ့ကို သနားမိခြင်းလားတော့ မပြောတတ်ဘူး..ရန်မဖစ်ပဲ နောက်ပိုင်း အဆင်ပြေအောင် နေမယ် တွေးထားတယ်...ဒါပေမယ့်လည်း သူငြင်းနေတုန်း Off တယောက် သူ့ကို လက်ကဆွဲကာ ခေါ်သွားနေရဲ့...ငါလိုက်ပို့မယ် မရှည်နဲ့ဆိုပီး...ကျတော်လမည်း ဘာမှမပြောပဲ ကားပေါ်သာ လိုက်ခဲ့လိုက်တယ်"
Off : 📞အကို ကျတော်ပြောထားတဲ့ လိပ်စာအတိုင်း လာခဲ့ပေးနော်...ရောက်တဲ့ အချိန်ဖုန်းဆက်ပေးနော်📞...ဖုန်းဆက်ပီးပီး တနာရီလောက်နေရင် ရောက်မယ်တဲ့ ပိစိ...
Gun ; အင်း ကျေးဇူးပဲ...
Off : Gun မင်းငါ့ကို စိတ်ဆိုးနေတာလား...မင်းမျက်မှန်ပြန်မပေးလို့...ပိစိလို့ခေါ်တာတောင် ရန်မတွေ့တော့ပါလား...
Gun : မဆိုးပါဘူး ငါက စိတ်ဆိုးရအောင် မိန်းကလေးမဟုတ်ဘူး...မင်းနဲ့ရန်မဖြစ်ချင်တော့လို့လေ ပြန်ရန်မရှာတာ...ဘာလို့လဲ...
Off : ဟားဟား ဟုတ်ပါပီ...မင်းမျက်လုံးလေးတေက မျက်မှန်မတပ်ရင် ပိုအဆင်ပြေလို့လေ...လူဆင်မမှီရတဲ့ထဲ မျက်မှန်နဲ့ဆိုတော့ ရုပ်ဆိုးနေလို့...ငါက စေတနာနဲ့ ယူထားတာ...
Gun : ဟုတ်ပါပီ ... မင်းပဲ ချောတယ်...
Off : ရန်သာမရှာတာ...မျက်စောင်းလေးကတော့ ထိုးတယ်နော်...ဟဟ...
Gun : ရှေ့လမ်းရောက်ရင် ညာဘက်ချိုး...အာ့ဝန်းထဲ ဝင်လိုက်...ရောက်ပီ...
Off : အင်း...ရောက်ပီ...ဒီကွန်ဒိုလား ဘောစိပါကွာ ပိစိက...အော်ဒါနဲ့ သူက တနာရီကြာမယ်ပြောထားတာ ဘယ်လိုလုပ်မလဲ...မင်းအခန်းမှာ ခဏနားပီး စောင့်လိုက်မယ်လေ...
Gun : အင်း...
Part-5
Start from the beginning
