part 21

20 0 0
                                    

စည်ကား လှတဲ့မင်္ဂလာပွဲကြီး. . .
လူအများကလဲ အုံ့အုံ့ကို လာရောက်ကြလေသည်။

အသက် နဲ့မှုံ တို့သည် မင်္ဂလာ အဝတ်စုံလေးဖြင့်
ဧည့်သည်များအား ဧည့်ခံနေသည်။
မလှမ်းမကမ်းမှ နန်းဖြင့်က အားကျနေလေတော့ရဲ့

အကိုဥဒါန်း နဲ့သာအ့လို. . ဖြစ်ခဲ့လေ
လျှင်။ သို့သော် ကိုကြီးက ကိုယ့်ကိုချစ်ပါ့မလား

ဥဒါန်း. . .အိမ်မှဟော်တယ်သို့ထွက်လာခဲ့သည်။
မှုံ တို့ရဲ့ မင်္ဂလာပွဲကို. . .ဟော်တယ်၌ ကျင်းပသည်ကိုး
အိမ်တွင်တစ်ယောက်မှမရှိတော့သောကြောင့်. . .
ဥဒါန်း အိမ်ကိုပိတ်ထားခဲ့ဖြစ်သည်။

အသက်ပတ်ဝန်းကျင်ကိုဝေ့ဝဲ ကြည့်နေမိစဉ်
ဧည့်ခန်းအမကြီးဆီသို့ ရောက်ရှိလာသော အကိုမြေ
ခန့်ညားတင့်တယ် လှသော အိနြေ္ဒ ရှိ
လူကြီးပင်။အနက်ရောင်အနောက်တိုင်းဝမ်းဆက်
ကိုဝတ်ဆင်ထားသည်က အကိုမြေနဲ့လိုက်
ဖက်လှပါသည်။

"ကိုကို"

"အင်း"

ဥဒါန်း စိတ်တော့သိပ်မကြည်. . .ကိုယ့်ချစ်ရသောသူ
ကိုယ်ချစ်သောညီမလေး တို့နှစ်ယောက်မင်္ဂလာ
လက်ထပ်ပွဲ. . .ဟက် ဟက်
ကံကြမ္မာကြီးက လည့်စားနိုင်လွန်းပါတယ်။

"ဟိုမှာ နန်း နဲ့ဆန်းကြယ်ထိုင်နေကြတယ်
ကိုကို ရ. . ."

ဥဒါန်း. . နန်းတို့ ဝိုင်းစီလာလိုက်သည်။
ခေါင်းကိုဝေ့ဝဲကြည့်ရ သူအား ညို့အားပြင်းစွာ
ကြည့်နေသော.အသက်

အဖြူရောင် အနောက်တိုင်း. . .အဝတ်လေး
ရဲ့အောက်မှာ သွက်လက်ကျစ်နေသော ကိုယ်လုံး
နဲ့အသားရေးအရုပ်တို့သည်. . .စွဲဆောင်မှူ
ရှိလှ၏။

ဥဒါန်း လဲ အသက်အားဂရုမပြုနိုင်စွာဖြင့်
နန်းနဲ့ဆန်းကြယ်တို့ပင် စကားထိုင်ပြော
ဖြစ်သည်။

သည်လိုနဲ့ မင်္ဂလာပွဲသည်ပျော်ရွှင်စွာဖြင့်
ပြီးဆုံးခဲ့သည်။အသက်ရဲ့စိတ်ကိုတော့မသိ
ဘာမှမပြော. . .မိဘတွေလာတာတောင် လက်ပြနုတ်ဆက်
ပြုံးပြရုံသာရှိ၏။ဒါပေမဲ့ သူရဲ့စိတ်ကို
ဘယ်လိုသိနိုင်မှာလဲ. . .

ဥဒါန်းကတော့စိတ်မသက်သာ. . .
အောင့်သက်သက်ကြီးဖြင့်နေသလို. . .
ထိုကြောင့် မြစ်ကမ်းလမ်းဘောင်ဆီသို့လာမိပြန်သည်။
အရင်က လက်ဖက်ရည်အစား. . .ယခုတော့
မြန်မာ့ဗီယာ...((so sorry. . .))

Love SickWhere stories live. Discover now