သူက ရှက်ရှက်နဲ့ မေးလိုက်တယ် " ဒါက ကိုယ့်အတွက်လား "

" ကယ်လီ အတွက်မဟုတ်ရင် ဘယ်သူ့အတွက် ဖြစ်ရမှာလဲ " ယွင်ရှန့်က တောက်ပစွာ ပြုံးရင်း ပြောလိုက်တယ်။

ဖြတ်သွားတဲ့ ကျောင်းသားတွေက တိုးတိုး တိုးတိုးနဲ့ စပြောနေကြတယ်။ သူတို့ဟာ ရှက်တတ်ပြီး သတ္တိနည်းတဲ့ အိုမီဂါ ကို တွေ့ဖူးတာဖြစ်ပြီး ဒီလို တက်ကြွပြီးပွင့်လင်းတဲ့ အိုမီဂါ ကို ပထမဆုံးမြင်ဖူးတာ ဖြစ်တယ်။

" ကျေးဇူးပါ မနက်စာ စားပြီးသွားပြီလား အတူတူ စားမလား " ကယ်လီက ရတနာတစ်ပါးလို ပန်းလေးကို သူ့ ကုတ်အင်္ကျီအိတ်ကပ်ထဲ ညင်သာစွာ ထည့်ထားလိုက်တယ်။

ယွင်ရှန့်က သူ့ကို အပေါ်အောက် တစ်ချက်ကြည့်လိုက်ပြီး မြှောက်ပြောတယ်

" အဖြူရောင် ယူနီဖောင်း နဲ့ နှင်းဆီနီ တကယ်ကို လိုက်ဖက်ညီတယ်။ ပိုပြီးတော့ ခန့်ညားချောမောသွားတယ်။ ဒါပေါ့...ကယ်လီက နဂိုကတည်းက ဂလက်ဆီမှ ရှိတဲ့ အယ်လ်ဖာ ထဲ အခန့်ညားဆုံးပဲ......"

ကယ်လီက သူရဲ့ ကလူမြူစွယ်မှုတွေနဲ့ပတ်သက်လာရင် ကာကွယ်နိုင်မှု မရှိပေ။ သူရဲ့ ဦးထုပ်ကိုသာ ချွတ်ကြည့်လိုက်ရင် ခေါင်းပေါ်ကနေ အငွေ့တွေထွက်လာတာ တွေ့ရလိမ့်မယ်။ ကျောင်းသားတွေက စီရှယ့်အကြောင်း အရမ်းကို သိချင်နေကြပြီး သူတို့ သူ့ဘေးနားက ဖြတ်သွားတဲ့အခါ အရမ်းအာရုံစိုက်ထားတယ်။ ဒါပေမဲ့ သူတို့ဟာ မမျှော်လင့်ထားတဲ့ စကားတွေ ကြားလိုက်ရတဲ့အခါမှာ ' အားကျ သဝန်တိုမှု' ဆိုတာက ကယ်လီအပေါ် ဖော်ပြနိုင်တဲ့ သူတို့ရဲ့ ခံစားချက်တွေ ဖြစ်တယ်။

စီရှယ်က သူ ချစ်မိသွားပြီဆိုတာနဲ့ သူ့ရဲ့လုံ့လကို အားထုတ်ကြိုးပမ်းမဲ့ လူစားမျိုး ဖြစ်တယ်။ သူရဲ့ ချစ်ခင်ကြင်နာမှုတွေကို သိမ်းထားမှာ မဟုတ်ဘူး။ ဒါ့အပြင် သူရဲ့စကားပြောပုံကလဲ ဟာသဉာဏ်ရွှင်တယ်။ သူနဲ့သာ ပတ်သက်နေရမယ်ဆိုရင် ဘယ်တော့မှ ရိုးအီသွားမှာ မဟုတ်ပေ။

ကယ်လီက သူရဲ့ ပျော်ရွှင်နေတဲ့ ခံစားချက်ကို ချိုးနှိမ်ဖို့ ကြိုးစားရင်း မဝံ့မရဲနဲ့ ကောင်လေး လက်ကို ကိုင်လိုက်တယ်။ ကောင်လေးက သူ့လက်မောင်းကို ဆွဲပြီး ထမင်းစားဆောင်ထဲ ဆွဲခေါ်သွားမယ်လို့တော့ မမျှော်လင့်ခဲ့ပေ။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now