ရို့သ်က ပြောစရာ မဲ့သွားတယ်။ သူက ပြန်မပြောခင် သူ့ဦးနှောက်ကို ဖျစ်ညှစ်စဉ်းစားလိုက်တယ်။

" သူက မင်းနဲ့ အော့စ်ဘွန်း စေ့စပ်တာကို မသိခဲ့ဘူး...... ဟုတ်တယ်။ အဲဒါအမှန်ပဲ အော့စ်ဘွန်းတောင် မသိခဲ့ဘူး အဲကြောင့် စေ့စပ်ပွဲကိစ္စက ထည့်တွက်လို့မရဘူး။ ဘယ်လိုများ နာကျင်ခံစားခဲ့ရတယ် ပြောတာလဲ "

" ဟုတ်တယ် မင်း မှန်တယ်။ လက်ထပ်ပွဲ စီစဉ်တာက နှစ်ဖက်မိသားစုမို့ ထည့်မတွက်ဘူးဘဲထား...... ဂျိုရှုအာ နဲ့အော့စ်ဘွန်း ဖွင့်ပြောပြီး ငြင်းခဲ့သရွေ့ ဒီကိစ္စက မရှိသလို ဖြစ်သွားမှာပဲ။ ပြီးတော့ ငါနဲ့ငါ့မိသားစုကျ ဒီကမ္ဘာရဲ့ ဟာသပြက်လုံး ဖြစ်ရောလား ...... ဒီလို အရှက်ခွဲခံရမှုနဲ့ ထိုက်တန်တယ်လား။ မင်း ကျေနပ်ပြီလား "

နောက်ဆုံး ကယ်လီကို တွေ့ပြီ။ သူက ရို့သ်ကို မျက်လုံးအထိ မရောက်တဲ့ အပြုံးတစ်ချက်ပေးပြီး ထွက်သွားခဲ့တယ်။

ရို့သ်က သူက ဘောင်ကျော်နေတယ်ဆိုတာ သတိပြုမိတယ်။ ဂျိုရှုအာတောင် အော့စ်ဘွန်း နဲ့ စီရှယ်ကြား ဝင်နှောင့်ယှက်ခွင့် မရှိပေ။ သူက စီရှယ်ကို အော့စ်ဘွန်း လွတ်ပေးဖို့ ပြောတာ ဘယ်လို အရည်အချင်းမျိုးနဲ့လဲ။

တကယ်တမ်းဆို အော့စ်ဘွန်းက အခုထိ ဂျိုရှုအာကို အမှတ်သားပြု ထားတာလဲ မဟုတ်သေးဘူး။ တကယ်လို့ သူ လုပ်ထားတယ်ဆိုရင်တောင် သူ လိုချင်သလောက် ပါတနာအများကြီးကို အမှတ်သားပြုနိုင်တယ်။ ဘာလို့ဆို လောက အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက စွမ်းအားကြီးတဲ့ အယ်လ်ဖာတွေ လုပ်ထားတာဖြစ်တဲ့အတွက် သူတို့လုပ်ချင်တာ လုပ်လို့ရတယ်။

သူ စီရှယ် ကယ်လီဘေး တောက်ပနေတဲ့အပြုံးတွေနဲ့ ပြေးသွားတာ မြင်ပြီး နောက်ဆုံး သူက မလိုတာ လုပ်မိပြီဆိုတာ သိရှိလိုက်တယ်။ ကောင်လေးက အော့စ်ဘွန်းကို တစ်လက်မလောက်တောင် စိတ်မဝင်စားပေ။ အဲဒီနောက် သူက ရှက်ပြီး ပြေးထွက်သွားတယ်။

ယွင်ရှန့်က သူရဲ့ အကျီလက်ထဲက နှင်းဆီနီကို ထုတ်ပြီး ကယ်လီဆီ ပေးလိုက်တယ်။

အဲဒါကို သူ့စိတ်စွမ်းအားနဲ့ ရစ်ပတ်ပေးထားတဲ့အတွက် ပွင့်ဖတ်တွေက ကြည်လင်နေတဲ့ သလင်းကျောက်အလွှာလေးနဲ့ဖုံးအုပ်ထားလို့ အခုမှ ဆွတ်ယူလာသလိုမျိုး ပွင့်လန်းနေတယ်။ ကယ်လီက တွေဝေစွာနဲ့ လက်ခံလိုက်ပြီး သူ့နားနှစ်ဖက်လုံး ရဲတက်လာတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now