နေမင်းဖန်ဆင်းသော စစ် 11

2.8K 160 2
                                    

"ဟင် ကိုခွန်း ဘယ်ကိုသွားမလို့လဲ"

"ဘယ်မှမသွားဘူး အကိုပြောစရာရှိလို့ကားပေါ်ခဏလိုက်ခဲ့"

ကားပေါ်ရောက်တော့....

"ခန့်လေးကနေမင်းနဲ့ပြန်အဆင်ပြေသွားပြီလား?"

"ပြောစရာရှိတယ်ဆိုတာ စစ်သွေးခန့်အကြောင်းမေးမလို့လား အကို"

"ခန့်လေးအကြောင်းဆိုတာထက် အကိုဟိုနေ့ကကိစ္စကြောင့် ခန့်လေးအပေါ်အပြစ်လုပ်မိသလိုခံစားနေရလို့ပါ"

"ကျွန်တော်ရောပဲ တကယ်လို့ သူ့ကိုကိုနဲ့စေ့စပ်ထားတာက ကျွန်တော့်အမဆိုတာ သိသွားရင် စစ်သွေးကကျွန်တော့်ကို အရင်လိုမခင်တော့မှာကြောက်တယ်"

"ခန့်လေးကိုအမှန်အတိုင်းပြောလိုက်ပါ နောက်မှသိသွားရင်ပိုပြီးအထင်လွဲစရာတွေ ဖြစ်နိုင်တယ်"

"အကိုလဲမေသခင်ကိုနားဝင်အောင်ပြောပြပါမယ် ဘယ်လိုပဲဖြစ်ဖြစ်ချစ်တဲ့သူနှစ်ယောက်ကိုတော့ မကွဲကွာစေချင်ဘူး"

"ကျွန်တော်လဲတူတူပါပဲ ကျွန်တော့်အမက အကိုနေမင်းတံခွန်ကို တကယ်ချစ်တာမဟုတ်ဘူး သူ့အကြောင်းကိုကျွန်တော်သိတယ်"

"သူတို့ချစ်သူနှစ်ယောက်ပြန်အဆင်ပြေအောင် အကိုတို့ကူညီကြတာပေါ့"

"ဟုတ် အကို ကျွန်တော်လဲအဲ့လိုပဲစဉ်းစားထားတယ်"

ခွန်း pov: ခန့်လေးပျော်ရွှင်ဖို့အတွက် ကိုပဲအနစ်နာခံပေးလိုက်ပါတယ်......

************************************

နေမင်း ကျောင်းကနေ ခလေးကို သူ့အိမ်လိုက်ပို့ပြီး ပြန်လာတော့....

"သား ရေချိုးပြီးရင် သမီးလေးမေသခင်အိမ်ကိုသွားလိုက်ပါအုံး"

"ဘာလို့လဲမာမီ?"

"မာမီ ပြင်ဦးလွင်ကသမီးလေးအတွက် လက်ဆောင်ဝယ်လာတာ ခုထိမပေးရသေးလို့ ဒီနေ့သွားပေးလိုက်ပါအုံး သားရယ်"

ဟူးးး နေမင်းသက်ပြင်းချလိုက်ပြီး
"ဟုတ်ကဲ့ သားခဏနေသွားလိုက်ပါမယ်"

"အေးအေး ဒါဆိုလဲရေသွားချိုးတော့ မာမီလက်ဆောင်တွေ အဆင်သင့်လုပ်ထားလိုက်တော့မယ်"

နေမင်းဖန်ဆင်းသော စစ်Where stories live. Discover now