နေမင်းဖန်ဆင်းသော စစ် 9

3.5K 185 8
                                    

နေမင်းနဲ့စစ်သွေးစကားမပြောဖြစ်တာ တပတ်လောက်ကြာခဲ့ပါပြီ ကျောင်းမှာတွေ့လဲစစ်သွေးကတမင်ရှောင်ဖယ်နေလေသည် နေမင်းစကားသွားပြောလဲပြန်မပြောပေ

"ကလေး ကိုကို့ကိုစိတ်ဆိုးမပြေသေးဘူးလား"
"တခုခုတော့ပြန်ပြောပါကွာ ကိုကို တောင်းပန်ပါတယ်"

နေမင်းဘယ်လောက်ပို့ပို့ rp မလာတဲ့ conservation လေးတခုကိုကြည့်ရင်း ဖုန်း screen ပေါ်သို့မျက်ရည်တစက်ကပေါက်ခနဲ

အပြင်မှာသေချာတောင်းပန်မယ်လို့တွေးထားပေမယ့် ကိုယ့်ကိုတွေ့ရင်ရှောင်ပြေးနေတဲ့ကလေးကြောင့်နဲ့ ဖေဖေနဲ့အပေးအယူလုပ်ထားတဲ့ကိစ္စကြောင့် အကောင်အထည်မဖော်နိုင်သေး

"ဟူးးး ကိုကိုတနေ့သေချာရှင်းပြပါမယ်ကလေး အခုတော့ကလေးနဲ့နီးဖို့ကြိုးစားရအုံးမယ်"

************************************

နေမင်းအိမ်ပေါ်ကဆင်းလာတော့

"ဘယ်သွားမလို့လဲ သား"

"ဖေဖေပြောထားတဲ့ကိစ္စအကောင်အထည်သွားဖော်မလို့"

"အော် သွားသွားအာ့ဆိုလဲ"

နေမင်းလာခဲ့တာက မေသခင်ရဲ့အိမ်သို့
နေမင်းနဲ့မေသခင်ကတွေ့ပြီးသွားပါပြီ ဟိုနေ့ကနှစ်ဖက်မိသားစုတွေ့ဆုံပွဲလုပ်ရင်းပေါ့

နေမင်းရောက်လာတော့

"ဟယ် သားလေး ဘယ်လိုရောက်လာတာလဲ"

"ဟို ကျွန်တော်မေသခင်ကိုလာခေါ်တာပါအန်တီ"

"အော် ခဏစောင့်နော် သမီးလေးဆင်းလာတော့မှာ"

"ဟုတ်ကဲ့ အန်တီ"

သိပ်မကြာပါဘူး လှေကားပေါ်ကဆင်းလာတဲ့မေသခင် ဝတ်ထားတာက ဂါဝန်တိုတိုလေး သူနဲ့တော့လိုက်ပါတယ် ချစ်စရာလေးပါ ဒါပေမယ့် ကျွန်တော့်ကလေးကိုတော့မမှီပါဘူးဗျာ

"ဟာ တံခွန် မေစောင့်နေတာကြာပီကို အခုမှရောက်လာတယ်"

"ဟုတ်တယ် ကားနည်းနည်းကျပ်နေလို့ကြာသွားတာ sorry"

"ရပါတယ် သွားမယ်လေ"

"အွန်း အန်တီကျွန်တော်တို့သွားလိုက်ပါအုံးမယ်"

နေမင်းဖန်ဆင်းသော စစ်Where stories live. Discover now