နေမင်းဖနမဆင်းသော စစ် 7

3.1K 153 3
                                    

နောက်တနေ့
နေမင်းအိပ်ပေါ်ကဆင်းလာတော့

"သား လာအုံးဒယ်ဒီပြောစရာရှိတယ်"
"ဘာပြောမလို့လဲဒယ်ဒီ"
"မင်းကို ငါ့သူငယ်ချင်း မင်းသူရဲ့သမီး မေသခင်နဲ့စေ့စပ်ပေးမလို့"
"ဗျာ ဒယ်ဒီ သားဘယ်သူ့ကိုမှမယူနိုင်ဘူး"
"တိတ်စမ်း ငါတို့လူကြီးချင်းအကုန်စီစဉ်ပြီးပြီ မင်းဘာမှမငြင်းနဲ့တော့"
"ဟာဗျာ ဘယ်သူတွေပဲစီစဉ်ပါစေ သားဘယ့်သူကိုမှမယူနိုင်ဘူး"
"မင်းကိုအခုမယူခိုင်းဘူး စေ့စပ်ပေးထားရုံပဲ"
"သားမှာချစ်သူရှိတယ် သားသူနဲ့ပဲလက်ထပ်မှာ"
"မင်းချစ်သူက ယောက်ျားလေးမလား"
" ဟက် ဒယ်ဒီက သားအကြောင်းတွေတော်တော်စုံစမ်းထားပုံပဲ ဟုတ်တယ် ကျွန်တော့်ချစ်သူကယောက်ျားလေးတယောက်"
"မင်းချစ်သူကဘယ်သူဖြစ်ဖြစ် မင်းဟာမင်းဘယ်သူနဲ့ယူယူငါစိတ်မဝင်စားဘူး ဒါပေမယ့်ငါ့စီးပွားရေးအတွက်အခုငါစီစဉ်တဲ့အတိုင်းမေသခင်နဲ့စေ့စပ်ရမယ် ပြီးမှမင်းကြိုက်တာလုပ်"
"ကောင်းပြီလေ ဒယ်ဒီကိစ္စပြီးတာနဲ့သားဘာလုပ်လုပ်ဒယ်ဒီပြောပိုင်ခွင့်မရှိတော့ဘူး လက်ခံပေးရမယ် အဲ့အချက်ကိုသဘောတူရင် ဒယ်ဒီ့စိတ်ကြိုက်ဖြစ်စေရမယ်"
"ကောင်းပြီ ငါသဘောတူတယ်"

************************************

နေမင်းဒီနေ့စစ်သွေးခန့်နဲ့သွားတွေ့ မလို့ကို သူ့ဒယ်ဒီပြောလိုက်တဲ့စကားတွေကြောင့်စိတ်ညစ်ပြီး စစ်သွေးခန့်ဆီမသွားပဲ club ကိုသာရောက်လာခဲ့တော့သည်
သူ့ဒယ်ဒီကသူ့စီးပွားရေးကိုပဲဂရုစိုက်တာလေ သားဆိုတာလဲသူ့စိတ်ထဲရှိတာမဟုတ်ဘူး သူ့မာမီလဲဘာထူးလဲ တချိန်လုံးဆေးရုံမှာပဲ ငယ်ငယ်လေးထဲကသူကမိဘတွေရဲ့ဂရုစိုက်မှူမခံရတော့ ဒီလိုဆိုးလာခဲ့တော့တာပေါ့
အခုလဲစိတ်ညစ်ပြီးဒီ club ကိုရောက်လာခဲ့တာလေ

"ဟေ့ တယောက်ထဲလား တို့အဖော်လုပ်ပေးမယ်လေ"

နေမင်းထိုင်နေတဲ့နားကိုရောက်လာတဲ့ မိန်းကလေးတယောက် ဝတ်ထားတာကလဲမပေါ်ရုံတမယ်ပဲ

"အွန်း ကိုတယောက်ထဲဖြစ်နေလို့အဖော်လုပ်ပေးမလား"

နေမင်းပြောလိုက်တာနဲ့ချက်ချင်းနေမင်းပေါင်ပေါ်ကိုတက်ထိုင်လိုက်တဲ့ကောင်မလေး လက်ကလဲနေမင်းရဲ့လည်ပင်းကိုဖက်ပြီး

နေမင်းဖန်ဆင်းသော စစ်Where stories live. Discover now