သူ့ချစ်သူနဲ့ ကျီစားခဲ့တဲ့ မြင်ကွင်းကို ပြန်လည်အောက်မေ့မိတယ်။ အန်တိုနီစ် က သူ့ဆီ နှင်းဆီနီတွေ ပို့ရတာကို အမြဲသဘောကျခဲ့တယ်။ တစ်ခါတုန်းကဆို ဘုရားကျောင်း တခုလုံး နှင်းဆီ ပွင့်ချပ်တွေ ဖုံးလွှမ်းသွားခဲ့ဖူးတယ်။ နန်းတော်ရဲ့ နေရာတိုင်းမှာ သူ့အချစ်ကို ပြသခဲ့တယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပြင်းထန်လွန်းလို့ ယွင်ရှန့်ရဲ့ ခန္ဓာတခုလုံးက နှင်းဆီပန်း အရည်တွေနဲ့ ဖုံးလွှမ်းပြီး တောက်ပနေတယ်။ သူ့ချစ်သူက သူ့ကို မူးယစ်စေလောက်တဲ့ အမူအရာနဲ့အတူ လျှာလေးနဲ့ လျှက်ပြီး သန့်ရှင်းရေး လုပ်ပေးတယ်။

နှစ်တွေရာချီခဲ့တာတောင် ဒီမှတ်ဉာဏ်တွေက အခုထိ စိတ်ထဲမှာ ရှင်းလင်းနေသေးတယ်။ ယွင်ရှန့်က အလှဆုံးပန်းပွင့်လေးရဲ့ ပွင့်ချပ်လေးကို မပွတ်သပ်ဘဲ မနေနိုင်ပေ။

အော့စ်ဘွန်းက သွေးလို နီရဲနေတဲ့မျက်လုံးနဲ့ ဆယ်ကျော်သက်လေးကို စိုက်ကြည့်နေခဲ့တယ်။ သူ အတိတ်ကို လွမ်းဆွတ်နေခဲ့တဲ့သူက ဘယ်သူလဲ ...

အရှိန်ဟုန်ပြင်းပြင်း ချစ်ကျွမ်းဝင်နေခဲ့တဲ့ အမူအရာ ဖော်ပြရလောက်အောင်အထိလေ ... သူ့ရဲ့စိတ်ကို စိတ်စွမ်းအားသုံးပြီး ဝင်ကြည့်ပြီး သူတို့နှစ်ယောက်နဲ့ မသက်ဆိုင်တဲ့ မှတ်ဉာဏ်တွေအကုန်လုံးကို ဖျက်ဆီးပစ်ချင်တယ်။

သူရဲ့ သဝန်တိုနေတဲ့ နှလုံးသားလေးကို ချုပ်ထိန်းဖို့ ကြိုးစားရင်း ပန်းပွင့်ကိုင်းလေးကို ချိုးပြီး ညင်သာစွာ ပြောလိုက်တယ်။

" မင်း ကြိုက်တယ်ဆိုရင် ဒါလေးကို ပေးမယ်လေ"

ယွင်ရှန့်က လက်ခံလိုက်ပြီး ဟာသနှောပြောလိုက်တယ်။

" ကျေးဇူးပါပဲ ဒါပေမဲ့ နောင်အနာဂတ်မှာ ထပ်မပေးပါနဲ့။ ပန်းစကားမှာ အနီရောင်နှင်းဆီရဲ့ အဓိပ္ပါယ်က စင်မှန်တဲ့ ချစ်ခြင်းတဲ့လေ။ ငါ မင်းကို နက်နက်ရှိုင်းရှိုင်း ချစ်တယ်တဲ့"

အော့စ်ဘွန်းရဲ့ နှလုံးသွေးကြောတွေက ပြင်းထန်စွာ တုန်လှုပ်နေတယ်။

အဲဒီစကားက အရမ်းထူးဆန်းတဲ့ မှော်ပါသလိုမျိုး......

သူ ကြားလိုက်တဲ့ခဏ စီရှယ်ကို ထွေးပွေ့လိုတဲ့ သူရဲ့ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now