အပိုင်း ( ၁၆ )

En başından başla
                                    

ခေါင်းလေးမော့ ကာ မျက်စောင်းထိုးရင်း ပြောလိုက်ပြန်သည်။

"ဘာလဲ နေရာရှိသေးရင် ချစ်မယ်ဆိုတဲ့ သဘောလား "

"မဟုတ်ပါဘူး ကွာ ကလေးရာ မရစ်ပါနဲ့
ဦး ချစ်တာ ကလေးတစ်ယောက်တည်းပါကွာ "

ဦး ပေါင်ပေါ်ထိုင်နေရာမှထလိုက်သည်။ လက်ကို ပိုက်ကာ စိတ်ဆိုးနေသယောင်လုပ်လိုက်သည်။

"ဘာလဲ ကလေးကို ခုကတည်းက စိတ်မရှည်တော့ဘူးပေါ့ သိသားပဲ အစကတည်းက မမရွှေစင်ကို ဦး ကြိုက်နေတာ "

ခက်နေပါပြီ ကလေးရယ် ဦး ရဲ့ အချစ်တွေက ကလေးတစ်ယောက်ထဲ အတွတ်ပဲ မွေးဖွားလာခဲ့တယ်ဆိုတာ ဘယ်လိုပြောမှ ယုံမှာလဲ။
ခေါင်းကုတ်ကာ ရှိုင်းကျောပြင်ကိုပဲ ကြည့်နေတော့သည်။

ဟွန်း ဟွန်း ကလေး ကတော့ ရစ်မှာပဲ ။ ကလေး မကြိုက်တာ လုပ်လာရင်တော့ ရစ်ခံဖို့သာပြင်ထားပါ ဦးရေ။

ဦး ကို ကျောခိုင်း မတ်တပ်ရပ်ထားကြောင့် စိတ်ထဲမှာ ကျိတ်ရယ်ပြီး ပြုံးနေလေသည်။

"ဦး ရှိုင်း ကို တကယ်ချစ်တာလား "

ထိုအခါမှ ဦး မျက်နှာလင်းလာသည်။

"ဒါပေါ့ ကလေးရာ အရမ်းချစ်တာ "

"ဒါဆို I love You ရှိုင်းဆိုပြီး လူတွေကြားအောင် သုံးခါ အော် "

"အမ် ဒါက ဘယ်လို့  "

ရှိုင်း ကျိတ်ပြီး ရယ်လျက်။ ဒါပေမယ့် ဦး အပေါ်လွန်သွားမလား ။

"ရပါတယ် ဦး မလုပ်နိုင်လဲ "

ဦး မတ်တပ်ရပ်လိုက်သည်။ ရှိုင်း လက်ကလေး ကို အသာယူလိုက်သည်။

"ဦးလေ ကလေးအတွတ်ဆို မလုပ်နိုင်တာ ဘာမှ မရှိဘူး သိရဲ့လား ကလေး "

လက်ကလေးကို နှုတ်ခမ်းလေးဖြင့် ဖွဖွ နမ်းလိုက်သည်။

"ဦး နဲ့ လိုက်ခဲ့ "

"ဘယ်ကိုလဲ "

ရှိုင်း အတွတ်တောတ်ပစွာပြုံးလိုက်ပြီးပြောသည်။

"ကလေး ကို သက်သေပြမလို့ "

"ဗျာ "

ရှိုင်း ကို ပွေ့ကာ ဓာတ်လှေကားမှ အောက်ဆုံးထပ်သို့ ဆင်းသည်။

ကျွန်တော်ချစ်သော ဦး (My lovely Oo)Hikayelerin yaşadığı yer. Şimdi keşfedin