Gun တယောက် Off ကိုကြည့်မိတော့ သူ့ကို ပိုစွံတယ်လို့ Arm အပြောကြောင့် ပြုံးစိစိနဲ့ ဂုဏ်ယူနေလေရဲ့....သူတို့တေက playboy တေလား..ငါ့ကိုတော့ အဖြစ်မရှိတဲ့ ကောင်ဆိုပီး ရယ်နေကြတော့မှာပဲ...ငါကလည်း ဘာလို့ ထားဖို့ စိတ်ကူးမရှိရတာလဲ...အမှန်တော့ ကျတော်က မထားချင်လို့ပါ...ကျတော့်ကို ကြိုက်တဲ့ ကောင်မလေးတွေ state တုန်းက ရှိတယ် အကုန်ငြင်းခဲ့မိတာ ခုမှ နောက်တရချင်လာတယ်...ကိုယ်တကယ်ချစ်တဲ့သူတွေ့မှ ထားမယ်ဆ်ုတဲ့ စိတ်ကြောင့်ပါ...ဒါပေမယ့် ခုထိ ကျတော့နှလုံးသားကို စိုးမိုးနိုင်တဲ့သူ မရှိသေးဘူး...
Earth : Gun မင်းမပူနဲ့ ငါတို့နဲ့ ပေါင်းရင်း မင်းလည်း ရည်းစားထားလာမှာ ငါတို့လုပ်ပေးမယ်...မင်းရဲ့ လူပျိုရည်ကို ပျက်အောင် ဟားဟား
Gun : နေပါကွာ...အေးဆေးနေပါရစေ...
Arm : ကဲ ငါတို့တေ အတန်းသွားရအောင် ကိုးနာရီထိုးတော့မယ်...Gun မင်းလည်း ငါနဲ့ မေဂျာတူပဲ မင်းအဖေပြောတယ်...ငါတို့လေးယောက် တခန်းတည်းပဲ ...လာ သွားမယ်...ငါကြည့်ပီးပီ အခန်းနံပါတ်တေ..,
ဒီလိုနဲ့ ကျတော် သူတို့ သုံးယောက်နဲ့ အခန်းထဲ အတူသွားတယ်...ကျောင်းစတက်ချင်း အသိမရှိလို့ ပျင်းရမယ် ထင်နေပေမယ့် မဟုတ်ခဲ့ပါဘူး...Arm ကြောင့် ကျတော် သူငယ်ချင်း အသစ်တေ ထပ်ရခဲ့တယ်...အတန်းထဲရောက်တော့ နှစ်ယောက်တွဲခုံတွေ...သူတို့တေကတော့ နောက်ဆုံးတန်း မရောက်တရောက်ကိုသွားတယ် ... ကျတော်လည်း သူတို့နောက်လိုက်သွားပီး တနေရာဝင်ထိုင်လိုက်တယ်...ကျတော်ဘေးခုံကို ဝင်ထိုက်လိုက်တာ Arm ထင်ပီး ကြည့်လိုက်ပေမယ့် မဟုတ်ခဲ့ဘူး ... ကျတော်ကြည့်လိုက်တော့ ကျတော့်ကို ပြုံးစိစိနဲ့ လာကြည့်ပီး ငါထိုင်မယ်တဲ့...ကျတော်လည်း ဘာမှမပြောပဲ ခေါင်းသာ ငြိမ့်လိုက်တယ်...Arm က off ငါထိုင်မို့ဟာကို မင်းနောက်လာဆိုပီး ခေါ်တယ်...Off က Gun ကိုမေးပီးပီး ထိုင်ဆ်ုလို့ထိုင်တာ ... ကျတော့်ကိုကြည့်ပီး ဟုတ်တယ်မလားဆိုပီး မေးလေရဲ့...ကျတော်လည်း ရတယ် Arm ငါ အဆင်ပြေတယ်...မင်းကလည်း Gun ကလည်း ခုလေးတင်ငါ့သူငယ်ချင်းဖြစ်သွားပီလေဆိုပီး ကျတော့်ပခုံးကို လှမ်းပုတ်တာ ပြောနေလေရဲ့....
>>>>>>>>>>>>>>>>
ပထမဆုံး ကျောင်းတက်တဲ့ နေ့မို့ စာတော့ သိပ်မသင်ရပေမယ့် .... ဆရာတေကတော့ ကျောင်းသားတေ အချင်းချင်း မိတ်ဆက်ခိုင်းတယ် ရင်းနှီးမှုရအောင်ဆိုပီး
ပညာရပ်နဲ့ဆိုင်တဲ့ ဗဟုသုတတွေ ပြောတယ်...နောက်လုပ်ရမယ့် activities တေအကြောင်းတွေ ရှင်းပြပေးတယ်...ကျောင်းစစတက်ချင်း လုပ်ရမယ့် ပွဲတခု စီနီယာတေ ဦးစီးပီး လုပ်ပေးမယ့် Fresher Welcome မှာ Moon ရွေးရမယ့် ကိစ္စတွေနဲ့ အခန်းထဲမှာ အလုပ်ရှုပ်နေလေရဲ့...အခန်းထဲက မိန်းကလေးတေရဲ့ မဲကတော့
Off အများဆုံးပါ...ဟုတ်ပါတယ် သူတို့သုံးယောက်လုံး ချောကြပေမယ့် အာ့ထဲမှာ Off ကတော့ ပိုပြီးအထာကျကျနေတတ်တော့ ကျောင်းစတက်ချင်းနေ့မှာပဲ အခန်းထဲက ကောင်မလေးတေရဲ့ သည်းသည်းလှုပ်ဖစ်နေလေရဲ့...
စာကလည်း မသင်သေးတာမို့ ပြန်မယ်ဆိုပီး ကျတော်တို့တေ ကျောင်းမှ ထွက်လာခဲ့တယ်...ကားပါကင်လည်းရောက်ရော ...
Arm : Off မင်း ကားပါလား ငါ့လိုက်ပို့...
Off : ငါမအားဘူး ကောင်မလေးနဲ့ ချိန်းထားတယ် သွားရမှာ...
Earth: လာ ငါလိုက်ပို့မယ် Arm အာ့ တဏှာကောင်က ကောင်မလေးနဲ့ ပတ်သတ်ရင် သူငယ်ချင်းကို နောက်မှဆိုတာ မင်းမသိတာလား...
Off : ဟေ့ရောင်တေ ချိန်းပြီးသားဖစ်နေလို့ပါ...
မင်းတို့ကိုလညိး ချစ်တာပေါ့ဆိုပီး ဖက်ပီး နမ်းမလို့လုပ်နေလေရဲ့ သူတို့သုံးကောင်ကြောင့် ကားပါကင်တခုလုံး ဆူညံ့နေလေရဲ့...သူတို့ကိုသူတို့ ကလေးတေမှတ်နေကြလား မသိဘူး ခက်တာပဲ... Gun တယောက်ခေါင်းတခါခါနဲ့ ကားနားသွားပီး တံခါးဖွင့်လိုက်တော့...
Arm : Gun ပြန်ပီလား...
Gun : အင်း ပြန်တော့မလို့...
Arm : Off အဲ့ဒါ မင်း ကားအသစ်လား ..."Woo "... မင်းတို့က မတည့်သာမတည့်တာ ကားက ဆင်တူနဲ့ အရောင်ကအစ တူနေတာ ဟားး..
Off : Coupleတေလေကွာ ဟုတ်တယ်မလား ပိစိ😁
Gun တယောက် ပြုံးပီးသား ကားထဲဝင်လိုက်သည်...မကျေနပ်လို့ စိတ်တိုလို့ ဆက်ပြောရင် ကျတော်ပဲ စိတ်တိုရမှာ သူကတော့ ပြုံးစိစိနဲ့သာ...
"တွေ့ဆုံမှုတွေကောင်းခဲ့ပေမယ့် အဆုံးသတ်တေက လှပနေပါ့မလား...."
Part-3
Depuis le début
