Arm : ဟာ မင်းတို့က ဘယ်လိုတွေ့လာတာလဲ ပြောစမ်းပါဦး...
ဒါက ဒီလိုကွ Off ဆိုတဲ့ မျက်နှာရူး သူနဲ့ကျတော် စတွေ့ပုံကို ပြောပြနေလေရဲ့ .... မသိရင်ပဲ အာ့နေရာ သူအရင်တွေ့တာကျနေတာပဲ...ကျတော်လည်း မနေနိုင်လို့ ကြားဖြတ်ပြောလိုက်တယ်...အာ့နေရာက ငါ အရင်ရောက်တာ မင်းက လာလုတာ ဆိုပီး...အာ့တော့ ကိုယ်တော်က ဘယ်သူအရင်ရောက်ရောက် အခု အာ့နေရာမှာ ပါကင်ထိုးရတာ ငါလေဆိုပီး ဂုဏ်ယူစွာ ကြွားနေလေရဲ့...
Arm : ဖြစ်ရမယ် မင်းတို့ကတော့ ... Off မင်းကလည်း Gunကို အရမ်းမစနဲ့ ... Gun အမှန်တော့ ဒီကောင်ကြီးက အာ့လိုပဲ အရမ်းနောက်တာ စိတ်ထဲမထားနဲ့နော်...
ငါ့သူငယ်ချင်းတေနဲ့ ခုမှသိပေမယ့် ငါ့ကို ခင်သလို ခင်နိုင်တယ်..,ခုက စပီး မင်းက ငါတို့အဖွဲ့ဝင်အသစ်ပဲ...ကြိုဆိုပါတယ် Gun..
Gun : ကျေးဇူးတင်ပါတယ်...Arm ကို ခင်သလို ငါ့ကိုလည်း ခင်ပေးကြပါ....ငါက ခုမှ ပြောင်းလာကာစ ဆိုတော့ အသိမရှိဘူး...
Earth : ငါတို့အဖွဲ့ဝင် အသစ်ဆိုတော့ အရေးကြီးတဲ့ အချက်တခု မေးရမယ်... Gun မင်းရည်းစားရှိလား...ဘယ်နှယောက်ထားဖူးလဲ...မင်း ဘယ်နှစ်ယောက်လောက်နဲ့ အိပ်ဖူးလဲ😁😁😁
Gun သူတို့မေးခွန်းတေကို အံ့သြလျက် ကြောင်နေလေရဲ့....ဒုက္ခပဲ ငါဘယ်လိုဖြေရမလဲ....ငါရည်းစားမထားဖူးဘူး သေရော...Gun လည်း ခေါင်းခါပြလိုက်သည်..
Arm : မရှိတာလား...
Gun : အင်း...
Earth : အရင်ကရော ထားဖူးမှာပေါ့ ဘယ်နှယောက်လဲမှတ်မိလား...
Gun : ခေါင်းခါလျှက်..,
Off : မင်းကလည်း ခေါင်းပဲခါနေ... ဒါမှ မဟုတ် လုံးဝမထားဖူးတာလား...
Gun : ဟုတ်တယ်...
............. "ဘာ "........
Gun အဖြေကို ကြားတာနဲ့ သူငယ်ချင်းသုံးယောက် ပြိုင်တူ အော်မိတော့သည်...
Off : မင်း သူငယ်ချင်းကို ငါတို့ ပြတိုက်ပဲ သွားပြရအောင်...
Gun : ဘာလို့လဲ ရည်းစားမရှိတာနဲ့ ဘာဖစ်သွားလို့လဲ...ပီးတော့ သူငယ်ချင်းဖြစ်တာနဲ့ အာ့တာမေးတာနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ...
အဲ့တော့မှ Arm က ဝင်ပြောလေသည်...
ဒီလိုကွ ငါတို့ သုံးယောက်က ရည်းစားများတယ်ကွာ..
Stateတုန်းကဆို ငါတို့အဖွဲ့က နာမည်ကြီးပဲ ရည်းစားများလို့လေ...ကောင်မလေးတေကလည်း ငါတို့ဆိုကြွေတယ်...ရည်းစားများပေမယ့် စည်းတော့စောင့်တယ် တယောက်က သဘောကျနေရင် နောက်တယောက်က ဖြတ်မလုဘူး...ရည်းစားတေကို တွက်ကြည့်ရင် သက်စေ့ကို လေးငါးဆလောက် ကျော်နေပီပေါ့...အာ့ကြောင့် ငါတို့ထဲ ဝင်လာမယ့် မင်းကိုရော ငါတို့နဲ့တူလား မေးကြည့်တာ..ငါတို့ထဲက ဒီကောင် Off က အရူးချင်းတူတာတောင် တမူးသာတယ်ကွ...
Part-3
Start from the beginning
