Merthur

60 3 0
                                        

Zawgyi

ကြၽန္မရဲ႕ အခ်စ္ဆံုးေသာ အရင္းႏွီးဆံုးသူစိမ္း၂ဦး႐ွိခဲ့သည္.......

တစ္ဦးက အျမင့္ဆံုးေနရာမွာ ရပ္တည္ေနၿပီး ....
တစ္ဦးက အနိမ့္ဆံုးေနရာမွာ ပံုးကြယ္ေနခဲ့ရသည္....

သို႔ေသာ္ ၂ဦးလံုးသည္ လူတိုင္းအတြက္ ျမင့္ျမတ္ေသာ လူသားမ်ားျဖစ္ခဲ့ၿပီး တိုင္းျပည္အတြက္ ေပးဆပ္ခဲ့ၾကေသာ လူသားမ်ားျဖစ္ခဲ့သည္.....

ကြၽန္မခ်စ္ရပါေသာ အ႐ွင္သခင္သည္ ကြၽန္မကိုခ်စ္ခဲ့ေသာ ခ်စ္ျခင္းေတြထက္ ပိုေသာ ျမတ္ႏိုးျခင္းေတြကို ကြၽန္မခ်စ္ရပါေသာ အေစခံေကာင္ေလးတစ္ေယာက္ကို ပံုေအာ ေပးထားခဲ့တယ္ဆိုရင္ လူတိုင္းယံုၾကမည္မဟုတ္သလို မျဖစ္ႏိုင္ေၾကာင္းလဲ ေျပာစမတ္တြင္ၾကလိမ့္မည္......

သို႔ေသာ္ျငား ဒါေတြဟာ...အမွန္တရားျဖစ္ေၾကာင္း ထိုလူသားႏွစ္ဦးႏွင့္ ကြၽန္မသာ အသိဆံုးျဖစ္သည္.....

ကြၽန္မကိုယ္တိုင္ ယံုၾကည္မွဳတို႕ကို ထိုသူတို႔ရဲ႕ သစၥာတရားေပၚ သံသယကင္းစြာ အပ္ႏွံခဲ့ဖူးသည္..... သူတို႔ႏွစ္ဦး အတူတကြ ႐ွိေနျခင္းထက္ ပို၍သာလြန္ျခင္း မ႐ွိဟု ကြၽန္မ ယံုၾကည္သည္....

အေစခံမိန္းမပ်ိဳေလးကို မိဖုရားအျဖစ္တင္ေျမႇာက္ခဲ့တဲ့ အေၾကာင္းအရာက လူတိုင္းအားက်ရေလာက္ေပမယ့္ ထိုဘုရင္တစ္ပါးရဲ႕ အသည္းႏွလံုးမွာ မည္သူမွ် မ႐ိုက္ခ်ိဳးပစ္ႏိုင္တဲ့ ျမတ္ႏိုးျခင္းေတြကို ေကာင္ေလးတစ္ေယာက္တည္းအတြက္ ေပးခဲ့ၿပီးသားျဖစ္မယ္ဆိုရင္.......

ကြၽန္မသည္ ဗီလိန္တစ္ေယာက္မဟုတ္ခဲ့သလို...ေပးဆပ္အနစ္နာ ခံခဲ့ရျခင္းလည္း မ႐ွိခဲ့ေပ....ထိုအခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္သည္ ဇာတ္ေဆာင္မ်ားစြာ ပါ၀င္ခဲ့ျခင္းမ႐ွိခဲ့ပဲ ႐ိုး႐ွင္းဆန္းၾကယ္ခဲ့ပါသည္......

လူသား ႏွစ္ဦးႏွစ္ေယာက္တည္းျဖင့္ ပံုေဖာ္ခဲ့ေသာ သစၥာတရား၊ ေမတၱာကို အေျခခံထားေသာ ျမတ္ႏိုးမႈ၊ တစ္ဦးေပၚ တစ္ဦး ယံုၾကည္အားကိုးမႈေတြနဲ႔သာ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္.....

ထိုအခ်င္းအရာေတြက ကြၽန္မကိုယ္တိုင္ပင္ အားက်ခဲ့ရေသာ ခ်စ္ျခင္းသီအိုရီတစ္ခု ျဖစ္ခဲ့ပါသည္..

ကြၽန္မ ေနာင္တ တရားမ႐ွိ ယံုၾကည္စြာ အပ္ႏွံခဲ့ေသာ Arthur ရဲ႕ႏွလံုးသားတစ္စံု သည္ Merlin ရဲ႕ တစ္ဘ၀လံုးစာအတြက္ လံုေလာက္ခဲ့မည္ထင္ပါသည္......

Guinevere(gwen)
Queen of Camelot

                        Unicode

ကျွန်မရဲ့ အချစ်ဆုံးသော အရင်းနှီးဆုံးသူစိမ်း၂ဦးရှိခဲ့သည်.......

တစ်ဦးက အမြင့်ဆုံးနေရာမှာ ရပ်တည်နေပြီး ....
တစ်ဦးက အနိမ့်ဆုံးနေရာမှာ ပုံးကွယ်နေခဲ့ရသည်....

သို့သော် ၂ဦးလုံးသည် လူတိုင်းအတွက် မြင့်မြတ်သော လူသားများဖြစ်ခဲ့ပြီး တိုင်းပြည်အတွက် ပေးဆပ်ခဲ့ကြသော လူသားများဖြစ်ခဲ့သည်.....

ကျွန်မချစ်ရပါသော အရှင်သခင်သည် ကျွန်မကိုချစ်ခဲ့သော ချစ်ခြင်းတွေထက် ပိုသော မြတ်နိုးခြင်းတွေကို ကျွန်မချစ်ရပါသော အစေခံကောင်လေးတစ်ယောက်ကို ပုံအော ပေးထားခဲ့တယ်ဆိုရင် လူတိုင်းယုံကြမည်မဟုတ်သလို မဖြစ်နိုင်ကြောင်းလဲ ပြောစမတ်တွင်ကြလိမ့်မည်......

သို့သော်ငြား ဒါတွေဟာ...အမှန်တရားဖြစ်ကြောင်း ထိုလူသားနှစ်ဦးနှင့် ကျွန်မသာ အသိဆုံးဖြစ်သည်.....

ကျွန်မကိုယ်တိုင် ယုံကြည်မှုတို့ကို ထိုသူတို့ရဲ့ သစ္စာတရားပေါ် သံသယကင်းစွာ အပ်နှံခဲ့ဖူးသည်..... သူတို့နှစ်ဦး အတူတကွ ရှိနေခြင်းထက် ပို၍သာလွန်ခြင်း မရှိဟု ကျွန်မ ယုံကြည်သည်....

အစေခံမိန်းမပျိုလေးကို မိဖုရားအဖြစ်တင်မြှောက်ခဲ့တဲ့ အကြောင်းအရာက လူတိုင်းအားကျရလောက်ပေမယ့် ထိုဘုရင်တစ်ပါးရဲ့ အသည်းနှလုံးမှာ မည်သူမျှ မရိုက်ချိုးပစ်နိုင်တဲ့ မြတ်နိုးခြင်းတွေကို ကောင်လေးတစ်ယောက်တည်းအတွက် ပေးခဲ့ပြီးသားဖြစ်မယ်ဆိုရင်.......

ကျွန်မသည် ဗီလိန်တစ်ယောက်မဟုတ်ခဲ့သလို...ပေးဆပ်အနစ်နာ ခံခဲ့ရခြင်းလည်း မရှိခဲ့ပေ....ထိုအချစ်ဇာတ်လမ်းလေးတစ်ပုဒ်သည် ဇာတ်ဆောင်များစွာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပဲ ရိုးရှင်းဆန်းကြယ်ခဲ့ပါသည်......

လူသား နှစ်ဦးနှစ်ယောက်တည်းဖြင့် ပုံဖော်ခဲ့သော သစ္စာတရား၊ မေတ္တာကို အခြေခံထားသော မြတ်နိုးမှု၊ တစ်ဦးပေါ် တစ်ဦး ယုံကြည်အားကိုးမှုတွေနဲ့သာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်.....

ထိုအချင်းအရာတွေက ကျွန်မကိုယ်တိုင်ပင် အားကျခဲ့ရသော ချစ်ခြင်းသီအိုရီတစ်ခု ဖြစ်ခဲ့ပါသည်..

ကျွန်မ နောင်တ တရားမရှိ ယုံကြည်စွာ အပ်နှံခဲ့သော Arthur ရဲ့နှလုံးသားတစ်စုံ သည် Merlin ရဲ့ တစ်ဘဝလုံးစာအတွက် လုံလောက်ခဲ့မည်ထင်ပါသည်......

Guinevere(gwen)
Queen of Camelot

Love story that we never knownStories to obsess over. Discover now