Chapter 203 - Fulfill the Promise

Beginne am Anfang
                                    

ယူရှောင်မော့ "....." ဒီတဏှာကြီးတဲ့သူကတော့ ...

ဒါက အရွယ်အစားကြီးတဲ့ကုတင်မဟုတ်ပေမယ့် လင်းရှောင်ကသူ့ကို သဲအိတ်လိုပဲ အသံမြည်အောင် ပစ်ချလိုက်တယ် ကံအားလျော်စွာပဲ ဒီအချိန်မှာ အခန်းအပြင်မှာ ဘယ်သူမှမရှိဘူး မဟုတ်ရင် လူတွေစုအုံလာကြလိမ့်မယ် လူတွေသူတို့ကိုမြင်သွားမှာ စိတ်ကူးကြည့်ရုံနဲ့တင် ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ

ယူရှောင်မော့ ရုတ်တရက် ဘောလုံးတစ်လုံးလို ကျုံ့သွားပြီး အမူအရာကလည်း တွန့်လိမ်နေတယ်

လင်းရှောင်က သူ့တင်ပါးကို ပုတ်လိုက်ပြီး "မင်း သေချင်ယောင်ဆောင်နေတာလား?"

ယူရှောင်မော့ "....." တင်ပါးအစား ပါးကိုပုတ်သင့်တာမဟုတ်ဘူးလား

သူ သူ့ရဲ့အတွေးတွေထဲမှာ နစ်မြောနေတဲ့အချိန်မှာပဲ လင်းရှောင်က သူ့ရဲ့လက်ဖ၀ါးနဲ့ သူ့တင်ပါးကိုပွတ်နေတယ် "မင်းတင်ပါးမှာ ပိုပြီးအသားရှိသင့်တယ်"

ယူရှောင်မော့ "....." သွားသေလိုက်!

လင်းရှောင်ဖိနပ်ချွတ်ပြီးကုတင်ပေါ်တက်သွားလိုက်တယ် ပြီးတော့ အ၀တ်တွေချွတ်နေရင်းနဲ့ပဲ ယူရှောင်မော့ကို သူ့ကိုယ်လုံးနဲ့ဖိထားလိုက်တယ် "ညီငယ်လေး သုခဘုံနယ်မြေထဲမှာပေးထားတဲ့ မင်းရဲ့ကတိကို မှတ်မိသေးရဲ့လား မင်းကတိဖျက်ချင်တယ်လို့တော့ မပြောနဲ့နော်"

ယူရှောင်မော့ကတော့ နှုတ်ခမ်းတောင်ရွဲ့သွားပါတယ် ထင်ထားသလိုပဲ လင်းရှောင်က သူ့ရဲ့ဆုကို လာယူတာပါ သူ့ကို ဘာကတိမှ မပေးလိုက်သင့်ဘူး.... ဒီအချိန်မှာ သူ့ကို ပိုင်ဆိုင်သွားစေဖို့ပေါ့.....

ယူရှောင်မော့ရဲ့စိတ်ထဲကအတွေးကိုကြားနိုင်ပေမယ့် လင်းရှောင်ကတော့ ကိုယ်ကိုလှဲချလိုက်ပြီး သူ့ရဲ့သွားကိုသုံးကာ ယူရှောင်မော့ရဲ့ အောက်နှုတ်ခမ်းလေးကို ဖြည်းဖြည်းချင်း တတိတိနဲ့ ကိုက်ဝါးနေတယ်..... ယူရှောင်မော့က ချက်ချင်းပဲ မလှုပ်နိုင်အောင်ဖြစ်သွားတယ် သူတို့ ခန္ဓာကိုယ်ချင်းထိတဲ့နေရာမှာ ဓါတ်လိုက်သလိုခံစားနေရတယ် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေတယ် အချိန်တော်တော်ကြာပြီးတဲ့နောက်မှာ လင်းရှောင်ကတော့ ဆက်ပြီးကစားဖို့ကို စိတ်မရှည်တော့ပါဘူး .....

The Legendary Master's Wife (Zawgyi & Unicode)Wo Geschichten leben. Entdecke jetzt