" ငါရဲ့ စိတ်စွမ်းအားထဲ ဘာအန္တရာယ်မှ မခံစားမိဘူး။ စီရှယ် မင်း အရမ်း စိတ်လှုပ်ရှားနေတာလား "

ဒါရန်က ကောင်လေးပခုံးကို ပုတ်ခါနီး ကောင်လေးက သစ်ပင်ပေါ် ခုန်တက်သွားပြီး သူ့သေနတ်ဖြင့် အရှေ့ဘက် ချိန်ထားတာ မြင်လိုက်ရတယ်။

မကြာခင်မှာပဲ ဒါရန်က အန္တရာယ်သုံးခု လျှင်မြန်စွာ အဖွဲ့ဆီ ချည်းကပ်လာတာကို ခံစားမိလိုက်တယ်။

မျက်စိ တမှိတ်အတွင်း သူတို့တွေနဲ့ ကပ်လျှက်အနေအထား ရောက်လာခဲ့တယ်။

" သေစမ်း ... တကယ့်ကို ပန်းအသွင် ရှိခိုးကောင်တွေပဲ "

ဒါရန်ရဲ့ စိတ်စွမ်းအားက အန္တရာယ်ကိုပဲ ခံစားမိတာ ဖြစ်ပြီး ဘာမျိုးစိတ်ဆိုတာ အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီအမြန်နှုန်းက ပန်းအသွင် ရှိခိုးကောင်တွေ ပိုင်တာ ဖြစ်တယ်။ ဘာလို့ဆို သူတို့က အရမ်းကို မြန်ဆန်တယ်။

မိနစ်ဝက်လောက် စောင့်ပြီးတဲ့နောက်မှာ အဖွဲ့ရဲ့ ပုံစံက လျော့ရဲလာခဲ့တယ်။

ဒီ ခြောက်မီတာ မြင့်မားတဲ့ ပန်းအသွင် ရှိခိုးကောင်တွေက ကောင်းကင်မှာ တောင်ပံတဖျပ်ဖျပ် ခတ်ရင်း သူတို့ရှေ့ရောက်လာတဲ့အခါမှ သေနတ်ထုတ်ရင် အရမ်းနောက်ကျသွားပြီ။

သူတို့တွေရဲ့ တံစဉ်ပုံ ရှေ့ခြေထောက်တွေ သုံးပြီး သူတို့လမ်းမှာ ရှိနေတဲ့ အနှောင့်အယှက်တွေ ရှင်းပစ်တယ်။ ပြီးတော့ သူတို့က တွေ့သမျှ လူတွေကိုလဲ အလေ့အကျင့်အရ တိုက်ခိုက်တတ်တယ်။

သူတို့က အဆိပ် မရှိပေမဲ့ သူတို့ရဲ့ ခန္ဓာက သေနတ်အသာထား......အမြောက်ဒဏ် ကို ခံနိုင်ရည်ရှိလောက်အောင်အထိ အရမ်းကို မာကြောတယ်။

သူတို့တွေက မင်းရဲ့ခေါင်းကို မျက်စိတမှိတ်အတွင်း ဖြတ်နိုင်လောက်အောင်အထိ အရမ်းကို လျှင်မြန်တယ်။

တိုက်ခိုက်ရခက်တဲ့ ဇာ့ဂ်အမျိုးအစား ဖြစ်လေတယ်။

အဖွဲ့သားတွေက မြစ်ကမ်းဘေးမှာ ရှိတဲ့ ကျောက်တုံး တွေဆီကို အကာအကွယ်ရလိုရငြား ထွက်ပြေးကြတယ်။

သူတို့နဂိုရပ်နေခဲ့တဲ့ နေရာရှိ မြေကြီးက ပန်းအသွင် ရှိခိုးကောင်ရဲ့ ရှေ့ခြေနဲ့ အခုတ်ခံလိုက်ရတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now