အပိုင်း ( ၁၄ )

Start from the beginning
                                    

ဦး ရှိုင်းကို အတင်းပွေ့ချီက အပေါ်ထပ်သို့ခေါ်သွားသည်။ ရှိုင်းကတော့ ခြေထောက်နှစ်ဖက်ကို ကန်ကြောက်ကာရုန်းသည်။

"ဟိတ် ကောင်လေး သိပ်မရုန်း နဲ့ ပြုတ်ကျသွားရင်
မင်းရော ငါရော နှစ်ယောက်လုံး အထိနာမှာ "

"ခများ "

"စကားများလိုက်တဲ့ ကလေး အမ်းကွာ့ "

ဦး ရှိုင်းပါးကိုနမ်းပေးလိုက်သည်။

"ခများ ဘာလုပ်တာလဲ "

"နမ်းလိုက်တာလေ "

ကုတင်ပေါ်ကို ရှိုင်းကိုတင်လိုက်သည်။

"သိပ်စကားမများနဲ့ ဆေးလိမ်းပေးမို့ "

ဦး ခြေထောက်နာနေသော နေရာကို အသာပုတ်လိုက်သည်။

"အာ့ နာလိုက်တာ "

"ဟာ့း့  "

"ခများ သူများနာတာပျော်နေတယ်ပေါ့ "

အံဆွဲထဲမှ ဆေးသေတ္တာကို ယူကာ ဆေးလူးပေးလိုက်သည်။

"မင်း သိပ်စကားများတာပဲ ကလေး "

"ဦ့း့  အကုန်ပြန်မှတ်မိနေပြီလား "

"အကုန်တော့ မမှတ်မိသေးပါဘူး ကလေးတစ်ယောက်ထဲကိုပဲ မှတ်မိနေတယ် ဘာလို့လဲ မသိဘူး ဦးနှလုံးသားထဲမှာ ကလေးက တတ်တူး တစ်ခုထိုးထားသလို သေရာပါနေပြီးသားပါ "

"ဒါဆို ကျွန်တော်သွားတော့မယ် "

ဒဏ်ရာကိုမေ့ကာ အမှတ်တမဲ့ ထလိုက်တာကြောင့် ပြန်လဲကျသွားသည်။ဦး က အမှီဖမ်းကာ ရင်ခွင်ထဲကို ထည့်လိုက်သည်။

"ဘယ်သွားမှာလဲ ကလေး "

"ခများ ပြန်သတိရပြီဆို့  ကျွန်တော့် တာဝန်ကျေပြီ
လွှတ်ပါဗျာ့  "

"ကလေးရယ် ဦး ကို ထပ်မခွဲပါနဲ့လား "

"လွှတ်ပါဗျာ့  ဦး ကို ထပ်မချစ်ဖို့ ဆုံးဖြတ်ထားတယ် "

"ဘာလို့လဲ ဦး ဘာလုပ်ခဲ့မိလို့ လဲ
ပြီးတော့ ကလေး ဦး ကို လမ်းခွဲခဲ့တာ အကြောင်းပြချက်မခိုင်လုံပဲ လမ်းခွဲခဲ့တာ ဘာလို့လဲပြောလေ "

" ဒီအကြောင်းတွေ ကျွန်တော် မပြောချင်တော့ဘူး ခဏနားပြီး ပြန်တော့မယ် "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now