" ကျွန်တော်ပြန်ကြားတယ်နော် .............. ကိုကိုက လူကြားထဲမှာ ယောက်ဖကိုပစ်ထားပြီး တခြားမိန်းကလေးတစ်ယောက်ကို စိုးရိမ်ပြပြီး အကြင်နာတွေ ပိုပြနေတာ ။ ဒီကိစ္စမှာ ကိုကို့ဖက်က လွန်တာလို့ ကျွန်တော်ထင်တယ် ''

" ဘာ ............ မင်းက ဒီသတင်းကို ဘယ်ကပြန်ကြားတာလဲ ။ မဟုတ်မှလွဲရော စွဲညို့ မင်း ဒီကိစ္စကို ငါ့ညီကို ပြန်တိုင်တာလား "

ချမ်းရဲ့ target က စွဲညို့ဆီပြောင်းသွားပြီး လက်ညိုးက စွဲညို့ရဲ့ မျက်နှာကို ထိလုနီးနီး ထိုးလိုက်လေသည် ။ စွဲညို့က ချမ်းရဲ့ လက်ညိုးကို စွဲဖယ်ကာ အခုထိ သူမှန်တဲ့ဒီဇိုင်းနဲ့ ချမ်း,ကို ခပ်တည်တည်ပင်ပြန်ကြည့်နေလေ၏ ။

" တိုင်တာမဟုတ်ဘူး ......... ဒီကိစ္စမှာ ဘယ်သူလွန်တာလဲဆိုတာ မဲခွဲဆုံးဖြတ်ခိုင်းတာ ။ အဟင်း ....... ငါ့ယောက်ဖလေးက ဘက်မလိုက်ဘဲ တရားမျှတမှုအတိုင်း လုပ်ခဲ့တာပဲ ။ ငါ မင်းကို တကယ်လေးစားသွားပြီ ......... ကောင်းမင်းထက် ။ ဒီနေ့ကစ မင်းကို ငါ့ညီအရင်းလို သဘောထားပြီး စောင့်ရှောက်ပေးသွားမှာမလို့ မင်းငါ့ကိုယုံကြည်လိုက်စမ်းပါ ''

စွဲညို့သည် လက်သီးဆုပ်ပြီး ကောင်းမင်းထက်လက်မောင်းကို ခပ်ဖွဖွထိုးလိုက်တော့ ဟိုတစ်ယောက်ကလည်း မျက်စပြန်ပစ်ပြရင်း လုံးဝကို အတိုင်အဖောက်ညီနေ၍ ချမ်း ဒီထက်ကို သည်းမခံနိုင်တော့လို့ ကောင်းမင်းထက်၏ ညာဖက်နားရွက်ကို လိမ်ဆွဲကာ မတ်တပ်ရပ်စေလိုက်သည် ။

" ရေထက်သွေးက ပိုပျစ်တယ်ဆိုတာ စကားပုံအဖြစ်ပဲ ကျန်ခဲ့ပြီ ။ မင်းကိုတွေ့တော့မှပဲ သွေးက ဘယ်လောက်ထိကျဲမှန်း သိလိုက်ရတယ် ။ လာစမ်း ............ မနက်ဖြန်ကစ အဆောင်သွားနေစမ်း ။ ငါ့ကို အကူညီမပေးဘဲ မျက်စိနှောက်အောင် လုပ်ကတည်းက မင်းကိုနည်းနည်းမှ အထင်မကြီးတော့တာပဲ ''

" အာ ........... ကိုကို ကလည်း နာတယ်လေ ......လွှတ်ပေး ။ ယောက်ဖ ကျွန်တော့်ကို ကယ်ပါဦး ။ သူက အခု ကုလားမနိုင် ရခိုင်မဲနေတာ ။ ကျွန်တော့်နားတွေ ပြုတ်ထွက်တော့မယ်ထင်တယ် ''

ကောင်းမင်းထက်သည် လက်တစ်ဖက်က သူ့နားရွက်ကို ပြန်ကိုင်ရင်း ကျန်လက်တစ်ဖက်က စွဲညို့ဆီကို လက်ယက်ခေါ်ကာ အကူညီတောင်းခံနေလေသည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now