"ချောတယ်မလားလို့''
ဘာပြောချင်နေမှန်း..မသိသည်မလို့ နောင်မရေမရာလေးဖြေသည် ။
"အင်း''
"ဟုတ်တယ်နော် ဒီမှာကြည့်မျက်လုံးနှာခေါင်း မျက်နှာကျဘယ်နေရာအပြစ်ပြောစရာရှိလဲ ဟုတ်တယ်မလား''
"ဟုတ်တယ်'
"အဲလောက်ချောတဲ့ငါ့ကို.. လူမှန်ရင်..ဘယ်သူမဆိုနမ်းချင်လာကြမှာပဲ''
"ဟွတ်ဟွတ်''
"အဲဒါကလေ...ဇွန်းနဲ့တိုက်တာမရလို့''
နောင့်ဖြေရှင်းချက်အား လက်ကာကာ သိပ်သိပ်ကို သဘောထားကြီးဟန် ရုပ်နဲ့ ။ခေါင်းကိုအသာခါသည်..
"ရတယ်မရှင်းပြနဲ့ မင်းဆန်ပြုတ်တိုက်မယ်ဆိုပြီး လာနမ်းတာလက်ခံတယ်ဟုတ်ပြီလား ။
ဒါမျိုးက ငါ့လိုသိပ်ကိုချောနေတဲ့လူကို တွေ့ရင် ဖြစ်လေ့ရှိတဲ့ခံစားချက်ပဲ.. ။မင်းလည်း..ဈာန်ရနေတဲ့ ပုဂ္ဂိုလ်မဟုတ် မျက်လုံးပါနေတဲ့ သာမန်လူသားမလို့ ငါ့လိုအရမ်းအရမ်းကြွေချင်စရာကောင်းပြီး ရူးလောက်အောင် ချောနေတဲ့သူကိုမြင်တော့ စိတ်မထိန်းနိုင်ဖြစ်သွားတာ
နားလည်တယ်ရှက်မနေနဲ့..''.
သက်ပြင်းကိုချကာ စုပ်တစ်ချက်သပ်ရင်း
"နောက်ဆုံးတော့ သိပ်ချောနေမိတဲ့ငါ့အပြစ်ပါပဲလေမင်းမှာအပြစ်မရှိပါဘူး.ဟူး.''
ထိုင်ရာမှကိုယ့်ကိုယ်ကိုသောက်ရမ်းချောလွန်းလို့စိတ်ပျက်နေရတဲ့မျက်နှာပေးဖြင့်ငြီးတွားကာ ထထွက်သွားတဲ့ရှန်ဟတ်ရဲ့နောက်တွင် တဟွတ်ဟွတ်သီးနေသည့် လူတစ်ယောက် နှင့် နဖူးနဲ့စားပွဲကို တဒုန်းဒုန်းထုနေသည့်ကောင်လေးတစ်ယောက် ရှိနေလေသည်..။
တိုက်ချင်ဦးဟ ဆန်ပြုတ်..
ဒုန်း
ကျွေးချင်ဦးဟ ဆန်ပြုတ်
ဒုန်း
.."လူများရှိလားရှင့်''
သစ်တောအိမ်ဝလေးမှထွက်လာတဲ့eng အသံကြောင့်ကျော်စိုး တံခါးသွားဖွင့်ပေးလိုက်သည်..။မျက်လုံးပြာပြာနဲ့ကောင်မလေးနှစ်ယောက်
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)
Part.24::ဆွံ့အကလေးငယ်
Start from the beginning