အပိုင်း-၅

Start from the beginning
                                    

"ဆက်ခံသူဆိုတာ ကိုယ်လုပ်တော်ယွီသာ သားရတနာဖွားမြင်ခဲ့မယ်ဆိုရင် သူ့ကိုကိုယ်တော့်ရဲ့ ဆက်ခံသူအဖြစ်ကြေငြာချင်လို့ မိဖုရား ကူညီပေးရမယ်"

"သားမွေးခဲ့ရင်?  အရှင် စိတ်စောလွန်းမနေဘူးလား??"

"………"

"သားမွေးခဲ့တယ်ပဲထားပါတော့ အရှင့်သားတော်က ဤတိုင်းပြည်ရဲ့ မင်းဖြစ်ထိုက်သူလို့ ဆိုမရဘူးလေ။ အရှင့်အသက်က နှစ်ဆယ့်တစ်ပဲရှိပါသေးတယ်။ ဒီမိဖုရားအမြင်အရ အရှင့်ကြည့်ရတာ လောနေသလိုပဲ။ "

"အဲ့တော့…… မိဖုရားအမြင်က ဘယ်လိုပါလိမ့်?"

လင်းယွီက အရှင်မင်းမြတ်ဟန်ကျင်းရှန်း၏ အမေး၌ဟန်လုပ်ပြုံးရင်း ရေနွေးတစ်ခွက်ကို စိတ်ရှည်လက်ရှည်ငှဲ့၏။ သူမ၏ အမြဲတစေ ခံစားချက်မဲ့သော မျက်ဝန်းများဖြင့် ပြန်လည်ကြည့်ရှုရင်း ဧကရာဇ်၏မေးခွန်းကို အဖြေပြန်ညှိ၏။

"အရှင်~  မင်းသားတစ်ပါးတည်းရှိလာမှာမှ မဟုတ်တာ အရှင်ကြိုးစားရင် ကြိုးစားသလောက် သားတော်တွေရလာဦးမှာပါ။ သားတော်နှစ်ယောက်လောက် ရလာရင်တော့ ဒီမိဖုရားကိုပြောပါ။ အဲ့ဒီကျ အရှင့်ကို ကူစဉ်းစားပေးနိုင်မှာပါ။ "

"မင်း သူများကလေးကို ကိုယ့်ကလေးလို ပြုစုပျိုးထောင်ပေးဖို့ တစ်ကယ်ပဲ ဆန္ဒရှိသလား? မိဖုရား~ "

"ဒါပေါ့ အရှင်~ အရှင့်ကလေးတွေက ကျွန်မကလေးတွေပါပဲ။ "

လင်းယွီ၏စကား၌ လှောင်ရိပ်သန်းသည့် အငွေ့အသက်တို့က တစွန်းတစ……။ ဟန်ကျင်းရှန်းသည်ကား ရှက်ရွံ့ရမလို ဒေါသပင်ထွက်ရမလိုနှင့် ဗျာများနေရကာ ဧကရီ၏မျက်နှာအား တစ်ချက်စူးစိုက်စိုက်ကြည့်ကာ မည်သည့်စကားမှမဆိုပဲ ပြန်လည်ထွက်ခွာသွားတော့၏။
သူမျှော်လင့်သည်က သူ့ကလေးကိုမွေးဖွားပေးရန်၊ သူ့မေတ္တာကို ရရှိစေရန် တစ်နေ့ ဒူးထောက်တောင်းပန်လာရမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ဤအမျိုးသမီးက ဘယ်သောအခါမှ ဤသို့ပြုမည်မဟုတ်မှန်း သိလာရသည်မို့ စိတ်ပျက်လက်ပျက်ထွက်ခွာလာရုံမှအပါး တခြားမရှိချေ။ သူသိရသည်က ဧကရီနှင့်စကားပြောတိုင်း အထေ့အငေါ့တွေနှင့် စိတ်ညစ်ညူးရကာ မည်သို့မျှ  အဆင်မချောပေ။

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now