"ဒါ… တစ်ကယ်ပဲလား…… သားတော်?"
"အမှန်ပါပဲ။ "
ထိုအမေးအား ပြန်ဖြေလိုက်သည့် ဟန်ကျင်းရှန်းမျက်နှာ၌ တိမ်စိုင်တိမ်ညို့တို့ တလိပ်လိပ်ရိပ်စိုးနေပေပြီ။ အရှင်သခင်၏မူမမှန်ခြင်းကို ကြည့်လျက် အပျိုတော်လေးများက အံ့အားသင့်စွာ ခန့်မှန်းမိကြပြန်လေ၏။
အရှင်မင်းကြီးက မိဖုရားအဆောင်သွားခဲ့ပေမယ့် ပြန်လာရတယ်။ မဟုတ်မှလွဲ နတ်ဘုရားလိုခန့်ညားတဲ့ တို့မင်းကြီး အငြင်းခံရတယ်လို့တော့ ငါ့ကိုမပြောနဲ့။
"ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြရအောင် မိဖုရားလည်း အားနည်းနေတာဆို ပင်ပန်းနေမှာပေါ့ သွားနားလိုက်တော့ မင်းကြီးလည်း မနက်ခင်းညီလာခံကြောင့် အလုပ်ရှုပ်နေမှာပဲ။ "
"ဒါဆို သားတော်တို့ကို သွားခွင့်ပြုပါဦး "
"သမီးတော် သွားလိုက်ပါဦးမယ် မယ်တော်"
"အေးကွယ် ~ "
တပါးသူကိုအရှက်တကွဲဖြစ်စေရန် ကြံကာမှ သားတော်၏ပုရိသဂုဏ်အဟုန်ကို ထိပါးစေမိလေသော
မယ်တော်ကြီး၏ မျက်နှာက မသာမယာ…။
မရအရဟန်လုပ်ပြုံးရင်းသာ ကျန်ရစ်ခဲ့ရှာ၏။
ဧကရာဇ်ဟန်ကျင်းရှန်းသည်ကား အများရှေ့ အရှက်ခွဲဟန်ပြုသော ထိုချန်းမျိုးနွယ်မိဖုရား သာ၍ပင်ဖိတိုး အမုန်းပိုရကာ အဆောင်တွင်းမှထွက်လာသည့်လမ်း၌ အတူယှဉ်တွဲလျှောက်စဉ်၌ပင် မည်သည့်စကားမှမဆို မနက်ခင်းညီလာခံရှိရာသို့ အလျင်စလို ထွက်ခွာသွားလေ၏။လင်းယွီသည်ကား အေးစက်စက်မျက်နှာ၌ လှောင်ရိပ်စွန်းသည့်အပြုံးတစ်ပွင့်က ခပ်ရေးရေးမျှ…။
ဧကရာဇ်၏နောက်ကျောကို တစ်ချက်မျှကြည့်ကာ အားလန်ကို ဆော်သြမိ၏။"သွားစို့ "
"ဟုတ်ကဲ့ မယ်မယ် "
*****************
"ရိုင်းစိုင်းလိုက်တဲ့ဟာမလေး !!"
"မယ်တော် စိတ်လျှော့ပါ။ "
ချီရှန်းဖေးက မယ်တော်ကြီးအဖို့ ရေနွေးကြမ်းအသာငှဲ့ပေးရင်း ပြေငြိမ်းစေရန် လေပြေထိုးသည်။ မယ်တော်ကြီးသည်ကား မနက်ခင်းကဖြစ်ပျက်သမျှကို စဉ်းစားလျင် အသိဥာဏ်ထက်လှသည့် ထိုမှုန်တေတေမျက်နှာပေးကို စဉ်းစားမိလျင် ဒေါသအလျင်ပွေရသည်မို့ စန္ဒကူးသစ်နီစားပွဲအား တင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိလိုက်၏။
ŞİMDİ OKUDUĞUN
Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)
Tarihi Kurgu#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင် အေးစက်စက်ဧကရီဆီက အငြင်းခံခဲ့ရတဲ့ ဧကရာဇ်~ သုံးထောင်သော မိန်းမလှတွေကို ဧကရာဇ်နဲ့ ပေါင်းဖက်ရေးကို အလှည့်ကျ ဘယ်လိုစီစဉ်ရမလဲ တွေးနေတတ်တဲ့ ဧကရီ~~
အပိုင်း-၎
En başından başla