" ZhengTing! မျက်နှာပေါ်က အမည်းကြီးဖယ်လိုက်ဦး Wubaiwan လန့်နေဦးမယ်"
"အယုတ်တမာ Cai XuKun"
မပွင့်တပွင့်နဲ့ ကျိန်ဆဲသံအနောက်မှာ ဆိုဖာပေါ်က ခေါင်းအုံးကိုရှောင်ရမည်ဆိုတာလောက်တော့ XuKun သိပါသည်။
"Kun Ge ပြန်ရောက်ပြီလား မတွေ့ရတာတောင်ကြာနေပြီ"
"အင်း Minghao, Ge လဲမအားတာနဲ့ စကားတွေတောင်မပြောဖြစ် အခုကော လူစုံရှိတယ်မလား"
"ZiYi က ပြန်ရောက်ကတည်းကအခန်းထဲကနေထွက်မလာဘူး"
Minghao အနောက်မှထွက်လာသော YanJun က ဆိုလိုရင်းကိုသိနေသည့်အလား အမေးကို အဖြေကွက်တိရအောင်ဖြေပေးပြန်သည်။
သိပ်ချစ်ဖို့ကောင်းတဲ့ အစ်ကိုကြီး.......
"မြန်မြန်ကြွ ဟိုကစိတ်အခြေအနေသိပ်ကောင်းဟန်မတူဘူး ရောက်ကတည်းက မျက်နှာက သုံးဆယ်နှစ်ခေါက်ချိုးဖြစ်လာတာ"
" OK! "
အခန်းတံခါးကိုရောက်တော့ အသံပေးတံခါးခေါက်သော်လဲ ပြန်ထူးသံမကြားရ
" ငါဝင်လာပြီနော် "
အခန်းတံခါးကို အသာချောင်းကြည့်မိတော့ အိပ်ရာပေါ်တွင်မရှိ ထိုနည်းတူ ထိုင်ခုံပေါ်တွင်လဲမရှိ
အပြင်ထွက်သွားတာများလား......
သယ်လာသောအိတ်ကို ကုတင်ပေါ်ပစ်တင်ပြီး လှဲချလိုက်တော့မှ ပိုပြီးညောင်းညာလာသည်။ မကြာပါ ရေချိုးခန်းဆီမှ ရေကျသံကိုကြားလိုက်ရတော့ ZiYi ရေချိုးနေသည်ကိုသိလိုက်ရသည်။
"ZiYi ငါရောက်ပြီ "
ရေကျသံလဲတိတ်သွားသလို အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်သွားပြန်သည်။
မကြားရ၍သာ နောက်တစ်ခေါက်ပြောသည်ကိုစောင့်နေသည့်အလား.....
" ZiYi ငါပြန်ရောက်...."
စကားမဆုံးခင်ပွင့်လာသော တံခါးချပ်နှင့်အတူ သန်မာသောလက်တစ်ဖက်၏ဆွဲအားကြောင့် ရေချိုးခန်းဆီသို့
တန်းတန်းမတ်မတ်ရောက်ရှိသွားတော့သည်။"Wang ZiYi ဘယ်လိုဖြစ်နေတာလဲ ဒီမှာချော်လဲတော့မယ်"
" ကိုယ်မင်းကိုသိပ်လွမ်းနေတာ "
YOU ARE READING
Taste The Ice-Cream🍦🍦
Short Storyချစ်လှစွာသော လူသား နှစ်ယောက်အတွက် ရည်ရွယ်၍... ISEEKUN တို့ ဖန်ဆင်းခြယ်မှုန်းသော... နှလုံးသား အပိုင်းအစငယ်များ စုဝေးရာ...