" စွဲညို့ .................''

ချမ်း သူ့ကိုသတိထားမိသွားတော့ တအံတသြနဲ့ ခပ်တိုးတိုးခေါ်လာသည် ။ စွဲညို့က ချမ်းကို ခပ်စူးစူးပြန်ကြည့်ရင်း သူ့ရှေ့က တစ်ဖက်လူကို ခုမှသတိထားမိဟန်နဲ့ မျက်လုံးလေးပြူးကာ နူတ်ဆက်လိုက်သည် ။

" အာ ............. ဧည့်သည်နဲ့ကိုး ။ ဆောရီး .............. ကျွန်တော်ကလည်း နေ့လည်စာကို တစ်ယောက်တည်းမစားတတ်တော့ ချမ်းကိုမြင်တာနဲ့ ၀မ်းသာအားရဆိုင်ထဲပြေးဝင်လာလိုက်တာ ။ ဧည့်သည်ရှိမရှိ သတိမထားလိုက်မိဘူး ။ ကျွန်တော် ဒီစားပွဲမှာ ၀င်ထိုင်တာ စိတ်မရှိဘူးမလား ''

" ဟာ............ ရပါတယ် ။ ငြိမ်းချမ်းရဲ့ သူငယ်ချင်းထင်တယ် ။ သူ့သူငယ်ချင်းဆိုတော့ ကျွန်တော့်ညီပဲပေါ့ ။ တွေ့ရတာ ၀မ်းသာပါတယ် ......... ကျွန်တော့်နာမည်က မင်းညိုပါ ''

မင်းညိုဆိုသူက လူကြီးလူကောင်းဆန်ဆန်ပင် ပျူပျူငှာငှာမိတ်ဆက်ကာ လက်ကမ်းပေးတော့ စွဲညို့က မမြင်သလိုနေပြီး လက်ကို ဂျာကင်အင်္ကျီထဲ နိုက်ပြီး ချမ်းဖက်လှည့်ပြုံးပြလိုက်သည် ။ မင်းညိုသည် ဥပေက္ခာပြုခံရမှုကို ကြောင်အမ်းသွားသော်လည်း ချက်ချင်းမျက်နှာထားပြန်ထိန်းကာ လက်ပြန်ရုတ်သိမ်းရင်း ခပ်ပါးပါးလေးပြုံးလိုက်သည် ။

အခြေအနေကို နားလည်သော ချမ်းသည် စွဲညို့လုပ်နေပုံကို သဘောမကျသော်လည်း လောလောဆယ် လူရှေ့ရန်ဖြစ်လို့ မကောင်း၍ ဟန်ဆောင်ပြုံးရင်း အခြေအနေကို ပြန်ထိန်းယူရန်ကြိုးစားလိုက်သည် ။

" အာ .......... ကိုမင်းညိုကို မိတ်ဆက်ပေးရဦးမယ် ။ သူက ကျွန်တော်နဲ့ အရင်းနှီးဆုံးလူလို့ပြောလို့ရတဲ့ တစ်ဦးတည်းသောသူပါ ။ နာမည်က စွဲညို့စေနိုင်တဲ့ ။ လောလောဆယ် ကျွန်တော့်ရဲ့ အထက်လူကြီးပါ ။ စွဲညို့ ......... သူက ငါတို့မြို့က အသိပါ ။ အသိဆိုတာထက် ငါ့အိမ်ဘေးကဆိုတော့ အကိုကြီးလိုပါပဲ ''

" ဟုတ်လား ............ ဆောရီး မင်းကို ငြိမ်းချမ်းရဲ့ အထက်လူကြီးမှန်းမသိဘဲ မရိုမသေနဲ့ ညီ လို့ပြောမိသွားတယ် ။ ငြိမ်းချမ်းကို အပ်ပါတယ်နော် ။ သူက နည်းနည်းဒုံးဝေးပေမယ့် အရမ်းကိုဇွဲကောင်းတဲ့သူပါ ။ အလုပ်မှာ အမှားအယွင်းရှိရင်တောင် ဇွဲကလျော့မှာမဟုတ်ဘူး ။ သူ့ကို သင်ပြပေးပါဦးနော် ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now