သားသုံးယောက်ကို သနားတာကြောင့် လိုက်ခဲ့ဖို့ခေါ်တော့ သုံးယောက်လုံး ပြိုင်တူဖြေခဲ့သည်က...

"ညီမလေး လိုချင်ရင် Daddyက မလိုက်နဲ့တဲ့ Papa "

ပတ်ချန်းယောလ် ဟာလေ ကလေးတွေကို ဘာတွေလျှောက်ပြောမှန်းမသိ။

လေယာဉ် ပေါ်မှာလဲ ချန်းယောလ် ပုခုံးပေါ်မှီလို့ တစ်လမ်းလုံး အိမ်လိုက်လာခဲ့သည်။

ဆယ်ဟွန်းတို့မှာ မှီစရာ ယောင်္ကျားကြီးတစ်ယောက်လုံးရှိတော့ ထိုင်ခုံတွေဆီက အမှီကို မှီထိုင်စရာ မလိုဘူး...အက်ဖ်အေ တွေလို🙂

လေယာဉ် ဆင်းလို့ တည်းမဲ့ hotel ကို သွားရင်လဲ ဆယ်ဟွန်းတို့ အထုပ်တွေ ဆွဲရမယ် ထင်သလား...။

ဆယ်ဟွန်းက အက်ဖ်အေ မှ မဟုတ်တာ...
ဆယ်ဟွန်း အထုတ်တွေသယ်ပေမဲ့ ယောက်ျား ချန်းယောလ်ရှိတယ်လေနော့🙂

တကယ်တော့ ဒီ ခရီးကို ထွက်ဖို့ စီစဉ်ခဲ့တာက ချန်းယောလ်အပေါ်မှာ မိမိ အချစ် ဘယ်လောက်လေးနက်ကြောင်း ဖွင့်ပြောချင်၍ ဖြစ်သည်။

Hotelရောက်တာနှင့် နားတောင် မနားတော့ပဲ
ချန်းယောလ်ကို ပစ္စည်းတစ်ခု ဝယ်ဖို့ ပထုတ်လိုက်ကာ ကြိုမှာထားတဲ့ ကိတ်တွေနှင့် အခန်းကို အလှဆင်လိုက်သည်။

ပြင်ဆင်မှု ပီးဆုံးသည်နှင့် ကြိုဆင်ပြင်ဆင်မှုအနေနှင့် ယူဆောင်လာခဲ့သော ချန်းယောလ် အင်္ကျီ အရှည်ကြီးကို ထုတ်ဝတ်လိုက်သည်။

ဆယ်ဟွန်းထက်ထွားတဲ့ ကိုယ်ကြီးကြောင့် သူ့အင်္ကျီကို ယူဝတ်လိုက်တဲ့ အခါ ဆယ်ဟွန်းဖြစ်ချင်တဲ့ sexyနဲ့ တစ်ထပ်တည်း ကျသွားသည်။

အပေါ်ကျယ်သီး နှစ်လုံးကို မတပ်ပဲ တမင် ချန်ထားကာ အိမ်က ချန်းယောလ် မသိအောင် ထည့်လားတဲ့ ဈေးအကြီးဆုံးကို ထုတ်လိုက်သည်။

ဖန်ခွက်ထဲကို ဝိုင် အနည်းငယ် ထည့်ပီးနောက် ချန်းယောလ်ကို ထိုင်စောင့်နေလိုက်သည်။

အခန်းကိုလဲ အမှောင်ချထားတာကြောင့် မိမိပြင်ဆင်မှုကို ချန်းယောလ် surprise ဖြစ်မှာသေချာသည်။

ချန်းယောလ် မှာ ချစ်သူလေး မငြိုငြင် ဖို့ အရေး လိုချင်ပါတယ် ဆိုတဲ့ ပစ္စည်းလေးကို နေရာ အနှံ လိုက်ရှာလိုက်တာ အချိန်တောင် အတော်ကြာသွားသည်။

မတည့် အတူနေ😇(complete )Where stories live. Discover now