17💔

3.2K 269 16
                                    

ချန်းယောလ် ဒီရက်ပိုင်းတွေမှာ Companyမှာ အခက်အခဲ ဖြစ်နေတာကြောင့် ညဆိုလဲ ညဥ့်နက်မှ ပြန်ရောက်လာသလို မနက်ဆိုလဲ အစောကြီးသွားနေရသည်...။

ချန်းယောလ်ကို ယုံကြည်စွာ အပ်ထားတဲ့ အလုပ်မှာ ပြသနာပေါ်တာမို့ အတတ်နိုင်ဆုံးဖြေရှင်းပေးနေရသည်...။

ပါးပါးတို့ ယုံကြည်မှုတွေကို အလွဲသုံးစားမလုပ်ချင်ပါ...။

ဆယ်ဟွန်းနဲ့တောင် ဒီရက်ပိုင်း သိပ်စကားမပြောဖြစ်တာကလဲ သူအလုပ်တွေရှုပ်နေတာကြောင့်...။

ပြန်လာချိန်က အရမ်းနောက်ကျ တာမို့ ချွေးနံတွေနံနေမှာသိပေမဲ့ ပင်ပန်းလွန်းလို့ရေမချိုးနိုင်...။

ဆယ်ဟွန်းကိုလဲ ဖက်မအိပ်နိုင်...။

သူ့ချွေးနံတွေနဲ့ ဖက်အိပ်ရမှာ အားနာလွန်းတာကြောင့်...။

ချန်းယောလ်ပြန်လာချိန်တိုင်း ကလေးတွေနဲ့ ပင်ပန်းလွန်းနေတဲ့ ဆယ်ဟွန်းက အိပ်ပျော်နေတာကြည့်...။

Companyကိစ္စကိုလဲ ဆယ်ဟွန်းကို သတိမပေးဖြစ်တာက ဆယ်ဟွန်းကို စိတ်မရှုပ်စေချင်တာကြောင့်....။

ဒီနေ့ အခက်အခဲ အားလုံးဖြေရှင်းပီးတာမို့ အိမ်ကိုစောစော ပြန်ရန်တွေးလိုက်ပေမဲ့ ချန်းယောလ်တို့ အဖွဲ့က clubသွားဖို့ခေါ်တာမို့ ချန်းယောလ် အားနာနာနဲ့ လိုက်သွားရသည်...။

ချန်းယောလ် က အဖွဲ့ခေါင်းဆောင်မလား?

မလိုက်သွားရင်အားနာစရာ ကောင်းမှာလေ...။

ဆယ်ဟွန်းကို phဆက် လှမ်းအသိပေးပေမဲ့ စက်ပိတ်ထားတာကြည့်အော်နေတာကြောင့် ဒီတိုင်းပဲ လိုက်သွားလိုက်တော့သည်..။

Clubရောက်တော့ အတင်းတိုက်တာကြောင့် မငြင်းသာပဲ တစ်ခွက်လောက်သောက်လိုက်ရသည်...။

အချိန်တော်ကြာ ကဲနေတဲ့သူကို စောင့်နေခြင်းဖြင့် ကုန်ဆုံးလိုက်ရ၏။

တစ်ခွက်လောက်ပဲသောက်ထားတာမို့ မူးဖို့နေနေသာသာ ရှူးရှူးတောင် မပေါက်ချင်...

အစောပြန်ပီး ဆယ်ဟွန်းနား ကပ်ချင်နေပါပီဆို..။

အဖွဲထဲမှာ မူးနေတဲ့မိန်းကလေးတွေ ပါတာကြောင့် မသင့်တော်တာတွေဖြစ်ကုန်မှာစိုးရသည်...။

မတည့် အတူနေ😇(complete )Where stories live. Discover now