Twenty Two

3.9K 316 38
                                    

Uni Code

"ဘယ်လိုလဲ ငါဝင်ဖြေကြည့်ရမလား "

Laptop screen မှာမြင်နေရတဲ့ အကြောင်းအရာကို Seulgi မေးတော့ သူ့ပေါင်ပေါ် တစောင်းလွှဲပြီး ထိုင်နေတဲ့ Irene က ခေါင်းငြိမ့်ပြတယ် ။

"ဒါပေမယ့် မအောင်ရင် ဘယ်လိုလုပ်မလဲ "

လက်တစ်ဖက်က Irene ရဲ့ခါးကို ဖက်ထားပြီး ကျန်လက်တစ်ဖက်က လက်မကို နှုတ်ခမ်းဝမှာ ကိုက်ထားတဲ့ Seulgi ဆီကနေ မရေမရာ ဖြစ်နေမှုတွေကို Irene မြင်နေရတယ် ။

Seulgi က သိပ်ပြီးတော့ ထွေပြားလွယ်တဲ့သူမျိုး ။ အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစားပေမယ့် မကောင်းခဲ့ရင်ဆိုတဲ့ အတွေးကိုလည်း တွေးတတ်တယ်။

သနားစရာ လက်မလေးကို Irene ဖယ်လိုက်ပြီး Seulgi မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်ရင်း သေသေချာချာ ပြောလိုက်တယ် ။

"Kang ငါ အာမခံတယ် နင်အတော်ဆုံး နင် အဲ့ audition ကို အောင်မှာ ငါ့ကိုယုံ"

လွန်ခဲ့တဲ့ရက်က ခေါင်းဆောင်တစ်ယောက် Seulgi ကို ထို audition အကြောင်း စကားစပြီး ဝင်ဖြေကြည့်ဖို့ တိုက်တွန်းရာမှ ဘယ်ကတည်းက ပုန်းကွယ်နေမှန်းမသိသော idol ဖြစ်ချင်စိတ်ဟာ တအုံနွေးနွေး ထကြွလာလေသည် ။

ထို့ကြောင့် ယခု Seulgi အိမ်ကို Irene ရောက်တုန်း တိုင်ပင်ကြည့်နေခြင်း ။

ဟုတ်တယ် Seulgi ရဲ့အိမ်ကို Irene ရောက်ခဲ့ပြီ။ တစ်ခါနှစ်ခါမကတော့ .. အကြိမ်ပေါင်းများစွာ ။ တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ သူ့အကိုရှိတယ်လို့ ပြောပေမယ့် အခန်းထဲက အခန်းအပြင်ကိုပင် တစ်ချက်မထွက်တာကြောင့် နေရထိုင်ရမခက် ။

ပြီးတော့ Seulgi ရဲ့အခန်းဟာ သပ်သပ်ရပ်ရပ်လေး။

"အဲ့ဒါဆို ငါဝင်ဖြေကြည့်လိုက်မယ်နော် "

"အင်း ဝင်ဖြေကြည့် "

Seulgi မျက်နှာရှေ့ကနေ နေရာပြောင်းကာ Laptop ကို Irene မျက်နှာချင်းဆိုင်လိုက်တော့ နောက်ကဖက်ထားသည့် Seulgi က လည်ပင်းအား ခပ်ဖွဖွနမ်းသည် ။

The Next PersonWhere stories live. Discover now