အပိုင်း( ၁၀ )

ابدأ من البداية
                                    

"ဒါဆို ဒေါ်လေး က ကျွန်တော့်ကိုဘာလို့ပြောမပြတာလဲ "

"မဟုတ်ပါဘူးကွယ် မနေ့က သားမျက်နှာမကောင်းဖြစ်နေတာနဲ့ ဒေါ်လေးမပြောဖြစ်တာပါ "

"သား အဖေ ရှင်းပြပါရစေ အဖြစ်ကဒီလိုပါ့   "

ရှိုင်းကို မွေးပြီး ၅နှစ်အကြာမှာ ဦးဝင်းထွန်း နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ခရီးသွားခဲ့သည်။ဟိုမှာ ကား မတော်တဆဖြစ်ပြီး ဆေးရုံတတ်လိုက်ရတာ နှစ်လကျော်သွားတယ်။ဒါနဲ့ ဒေါ်မြနွယ်ဟာ ဆက်သွယ်ကြည့်တော့လည်း မရ ။ သူတို့ကို ပစ်သွားလေသလား ဟု ထင်မိကာ အိမ်ပေါ်မှ အထုပ်ဆွဲကာ ဒေါ်လှနွယ်တို့ အိမ်သို့ ထွက်လာခဲ့လိုက်သည်။ ဒေါ်လှနွယ်တို့ အိမ်ဆိုသည်မှာလည်း ဦးဝင်းထွန်းတို့အိမ်နှင့် နှစ်လမ်းကျော်သာ ခြားသည်။ ရပ်ကွက်သူ ရပ်ကွက်သားအချင်းချင်း လက်ထက်ခဲ့ကြသူများဖြစ်သည်။  ဒေါ်လှနွယ် တို့ အိမ်ရောက်ပြီး တစ်ရက်နှစ်ရက် အကြာမှာ စိတ်နည်းနည်းပြေသွားသည်။ ထို့ကြောင့် ဦးဝင်းထွန်းတို့ အိမ်ခြံရှေ့တွင် ရှိုင်းနဲ့အတူလာချောင်းကြည့်သည်။

ရုတ်တရတ် တိုတ်ဆိုင်စွာပင် ကားတစ်စီး ဦးဝင်းထွန်း တို့ ခြံထဲသို့ဝင်လာသည်။ ဒေါ်မြနွယ်က ခြံရှေ့က သစ်ပင်မှာကွယ်နေလိုက်သည်။ ကားထဲ အကျီ င်္ပန်းနုရောင်နဲ့ ကောင်မငယ်ငယ်လေးတစ်ယောက်ထွက်လာသည်။ နောက်တော့ ကားတံခါးကို ဖွင့်ပေးကာ လူတစ်ယောက်ကို တွဲလိုက်သည်။

"အကို ဝင်း "

မျက်မှောင်ကြုတ်ကာကြည့်နေမိသည်။ စိတ်ထဲ သံသယစိတ်တွေ ဝင်ကာ နှုတ်ခမ်းကိုက်ကာဆက်ကြည့်နေသည်။ နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်နှုးနေသော မြင်ကွင်းကို သူလုံးဝမခံစားနိုင်ပေ။ ထိုကြောင့် ထိုနေရာမှ အမြန်ဆုံးထွက်လာခဲ့သည်။

"မြ  မြ ရေ့  မြနွယ် "

ထို စဉ် အိမ်အစေခံဖြစ်တဲ့ ဦးပေါင်း ထွက်လာကာဖြေလိုက်သည်။

"မြနွယ်ကော ဦးပေါင်း "

"မြနွယ် စိတ်ဆိုးပြီး အိမ်ကဆင်းသွားပြီ "

"ဟာ သွားပြီ ညမလေးရေ့  အကို့မိန်းမ စိတ်ဆိုးသွားပြီတဲ့ "

ကျွန်တော်ချစ်သော ဦး (My lovely Oo)حيث تعيش القصص. اكتشف الآن