ရခဲ့တယ် (ရခဲ့တယျ)

6.1K 897 124
                                    

Day.1

"ညီမက အခု အီကိုဒုတိယနှစ်ပေါ့"

"Nae"

အအေးခွက်လေးထဲ ပိုက်ထိုးမွှေရင်း ခြေထောက်ကိုလှုပ်နေသည့်ကောင်မလေးက သွက်သွက်လက်လက်ကလေး။ ကိုးရီးယားမလေးတွေလို ဖက်ရှင်ဒီဇိုင်း၊ မျက်နှာလေးကကြည်ကြည်လင်လင်၊ ဆံပင်အကုတ်ကလေးနှင့် စကဒ်တိုတိုလေးက ဒူးထိမရောက်။

ပန်းနုရောင်ကျောပိုးအိတ်သေးသေးလေးမှာ kpop idolပုံ ကီးချိန်းများကို မျက်စိနောက်အောင်ချိတ်ထားသည်။ ရံဖန်ရံခါ ကိုရီးယားလို ပြောင်ပြောင်နောက်နောက်လေးလည်း ပြောတတ်သေးသည်။ သူ့ကြည့်ရတာ မခန့်လေးစားလုပ်တာမဟုတ်ဘဲ နှုတ်ကျိုးနေပုံပါ။

ဒီလိုချစ်စရာကောင်းတဲ့ ကောင်မလေးငယ်ငယ်တစ်ယောက်နှင့် အအေးဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်နေသည်ကို မှူးသိလျှင် Angry Birdလို မျက်ခုံးနှစ်ဖက် ကုတ်နေမှာသေချာသည်။

ခွန်းက ကောင်မလေး၏ ခြေစွပ်အဖြူစွပ်ထားသော Walking shoes မှသည် ဆံပင်ပေါ်က ကလစ်ကလေးအထိ အားမနာစတမ်း စိုက်ကြည့်အကဲခတ်နေသော်လည်း ကောင်မလေးက အနေကြုံ့ ခြင်းမရှိ။

အန်တီက ၃၂နှစ်ပျောက်ဆုံးသူထက်ဖြိုးဝေထက် ငယ်တယ်လို့ ပြောခဲ့ပေမဲ့ ၁၀နှစ်ကျော်လောက်ငယ်မယ်မှန်း မထင်ထားခဲ့ပါ။ အသက်ငယ်ရုံမျှမက ရင့်ကျက်မှု့မရှိ စကားအတည်မပြောတတ်သော ရွှတ်နောက်နောက် ကလေးဆန်ဆန် ကောင်မလေးတစ်ယောက်နှင့် ဦးထက်ဖြိုးဝေက ဘယ်လိုကြောင့် ပေါင်းသင်း ရင်းနှီးခဲ့ပါသလဲ။

အခြားသူငယ်ချင်းမိတ်ဆွေထက် ဒီကောင်မလေးနှင့် အသွားအလာအပြောအဆို ရင်းနှီးမှု့များသည်လို့ ပြောခဲ့၏။

"ကိုဖြိုး အိမ်ပေါ်က ဆင်းသွားတာ သိသလား ညီမလေး"

"အဲ့ဒါထူးဆန်းလို့လား သူက ဆင်းနေကျလေ"

"ဆင်းနေကျဖြစ်ပေမဲ့ ဒီလောက်ရက်အကြာကြီးမပျောက်ဖူးဘူးလေ၊ အဆက်အသွယ်မရဘဲ သူပျောက်နေတာ ၃၈ရက်တိတိ ရှိသွားပြီ အမိ"

ကောင်မလေးက နှုတ်ခမ်းလေးတမင်စူထားလျက် အရေးမပါသည့်အကြောင်းအရာကို နားထောင်နေရသူလို စိတ်ဝင်စားမှု့မရှိ၊ ဆိုင်အဝင်ပေါက်ကို လှမ်းကြည့်နေသည်။ အထွေအထူး ရုပ်ပျက်သွားခြင်း မရှိ။ ခွန်းနဲ့ထိုင်နေရတာ သူငြီးငွေ့ပျင်းရိနေသလိုပါပဲ။

P I E C E SWhere stories live. Discover now