" အာ ..........ဆောရီးဖေဖေ ။ ကောင်းသားပဲ ......... ညီလေးရောက်လာတော့ သားလည်းအဖော်ရှိတာပေါ့ ။ သားလည်း အခုအလုပ်ရှိပြီဆိုတော့ ညီလေးရဲ့ကျောင်းစရိတ်အတွက် သားတာဝန်ယူနိုင်ပါပြီ ''

" ဖေဖေ့သားလေးက အရမ်းကို လိမ်မာလိုက်တာ ။ သားကြီးကော သားငယ်ကော ဆုံးမပဲ့ပြင်စရာမလိုလောက်အောင် လိမ်မာရေးခြားရှိကြလို့ သားတွေက ဖေဖေတို့အတွက် ဂုဏ်ယူစရာတွေပါ ''

ချမ်း နှစ်နှစ်ကာကာပင် ပြုံးမိသွားသည် ။ မိဘဆီက လိမ်မာတယ်လို့ချီးကျုးခံရတာ မပျော်တဲ့သူ ဘယ်သူရှိမှာတုန်း ။

" အိုကေ ............. ဖေဖေရေ ။ သားဖုန်းချလိုက်ပြီနော် ................. ။ ညီလေး တက်လာခါနီး သားကို ပြန်ပြီး အသိပေးဦး ''

" ကောင်းပါပြီ သားရယ် ............. အိုကေ ... ဖုန်းချလိုက်တော့ ''

လက်ထဲက ဖုန်းကို ပိတ်ချပြီးနောက် ချမ်း ရင်မောစွာပင် နံရံကိုမှီပြီး ထိုင်နေမိသည် ။ အလုပ်တစ်ခုရှိမှ ဖြစ်မယ် ။ စွဲညို့ဆီကအလုပ်က သူ့အမေသိတာနဲ့ သူပါကန်ထုတ်ခံရရုံသာမက ကျောင်းတက်နေတဲ့ ညီလေးကိုပါ ထိခိုက်နိုင်တာမလို့ အရင်ဆုံး စွဲညို့ဆီက အလုပ်ထွက်ရမယ် ။ ဟုတ်ပြီ ......... ခုပဲ သူ့ဆီသွားပြီး အလုပ်မဆင်းနိုင်တော့ဘူးလို့ပြောရမယ် ။ သူ ငါ့ကို ခက်ခဲအောင်တော့ မလုပ်လောက်ပါဘူး ။ ရှိခဲ့ဖူးတဲ့ သံယောဇဉ်တွေကိုထောက်ပြီး ငါ့ကို နားလည်ပေးလောက်မှာပါ။ ငါ့အခြေအနေကို သူလည်း သိနေတာပဲ ။

ယုံကြည်မှုအပြည့်နဲ့ သူ စွဲညို့အိမ်ကို အရဲစွန့်လာခဲ့ပေမယ့် ဟိုရောက်တော့ စွဲညို့နဲ့အတူ အရင်က သူ သူဋ္ဌေးလို့ထင်ခဲ့တဲ့သူနဲ့ နှစ်ဦးသား ဂိမ်းဆော့နေသည်ကိုတွေ့လိုက်ရသည် ။

နေပါဦး ........... သူတို့တွေက ၀မ်းကွဲတွေလား ။ ဘာကြောင့် ဒီလောက်ထိ ရင်းနှီးနေကြတာလဲ ။

" ဟော............ မင်း ဒီနေ့တော်တော်နဲ့ ပေါ်မလာလို့ ခွင့်ယူမယ်လို့ထင်ထားတာ ...........''

သူ့ကိုမြင်တော့ စွဲညို့က ဂိမ်းဆော့နေရင်း တန်းလန်း အော်ပြောလိုက်သည် ။ ချမ်းသည် အခြေအနေကို တစ်ချက်ကြည့်ပြီး စွဲညို့နံဘေးရပ်နေလိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now