လှေကားထပ်တွေကိုဖြတ်ရင်း နှစ်ဦးသား
အပေါ်ထပ်တက်ရောက်တော့

Jeonက အခန်းတစ်ခန်းကိုဖွင့်ပြလိုက်တယ်
အရမ်းကိုအံ့သဩသွားရတာကTae Hyungတစ်
ယောက်ပင်

အခန်းအတွင်းပိုင်းက ခရမ်းနုရောင်လေး

ညာဘက်မှာ Tae Hyung နှစ်သက်ရတဲ့အကျီBrandတွေဘောင်းဘီတွေ နာရီတွေ ရေမွှေးတွေ ဆိုမှသူ့အကန့်နဲ့သူ ထားထားတာနေရာလွတ်မရှိ

အလယ်တည့်တည့်မှာ စားပွဲအပုလေးတစ်ခု
ထိုစားပွဲလေးပေါ်မှာ ကင်မရာ ၅လုံး

Camera Crazy ဖြစ်တာကြောင့် အမြန်ဘဲTae Hyungသွားကြည့်လိုက်တော့

"ဟင် ဒါ ကမ္ဘာပေါ်မှာ ၅လုံးဘဲထုတ်ထားတာ
လေ ၅လုံးစလုံးဒီမှာရှိနေတာလား"

"ဟုတ်တယ် အစ်ကို တစ်ခုခုမမှတ်မိဘူးလား?
ကျွန်တော့်ကိုကော အရင်ကတွေ့ဖူးတယ်မထင်ဘူးလား"

"တကယ်မမှတ်မိတာ ငါတို့အရင်ကဆုံဖူးတာလား"

"ကျွန်တော်ဘာလို့ အစ်ကို့အိမ်ကို ဝယ်ဖို့အကြောင်းဖန်လာရလဲသိချင်လား?အမှန်ဆိုမဝယ်လဲရတယ်
ကျွန်တော်ရုံးခွဲထပ်ဖွင့်မယ်ဆိုတာ အဲ့နေရာထက်ကြီးမှရမှာ အစ်ကို့အိမ်မြေကွက်သေးသေးလေးနဲ့ဘာမှ
လုပ်လို့မရဘူး ဒါမဲ့ ကျွန်တော်ဝယ်ဖို့ကမ်းလှမ်းခဲ့တယ်
အစ်ကိုနဲ့အဆက်အသွယ်ရချင်လို့"

Jeonရဲ့စကားတွေကိုနားမလည်နိုင်တာကြောင့်

"ဟမ် ဘာကိစ္စငါ့ကိုဆက်သွယ်ချင်ရတာလဲ"

" မှတ်မိလား ကျွန်တော်တ်ို့ငယ်ငယ်တုန်းက
အစ်ကို ကျွန်တော့်အိမ်ကိုလာလာဆော့တုန်းက
ကြီးလာရင် အစ်ကိုနေချင်တဲ့အိမ်ပုံစံမျိုးပြောပြဖူး
တယ်လေ"

Flash Back

"Kookieသိလား အစ်ကိုကြီးလာရင်လေ
အိမ်တစ်လုံး တိတ်တိတ်ဆိတ်ဆိတ်နေရာလေးမှာ
ဝယ်ချင်တယ် မြို့ပြင်လိုနေရာလေးပေါ့
ပြီးတော့ ခြံထဲမှာ စတော်ဘယ်ရီသီးတွေအပြည့်စိုက်မယ်ပြီးရင် အိမ်ထဲကိုတန်းဝင်တာနဲ့မြင်ရမယ့်
အစ်ကို့ရဲ့ ပုံလေးကို လက်ရာမြောက်တဲ့ ပန်းချီဆရာတစ်ဦးကိုခေါ်ဆွဲခိုင်းပြီး ချိတ်ထားမယ်...
ပြီးရင် အခန်းအကြီးကြီးထဲမှာ ကိုယ်ကြိုက်တဲ့ပစ္စည်းလေးတွေ တန်ဖိုးထားရတဲ့ပစ္စည်းလေးတွေကိုသိမ်းထားချင်တယ်"

Sugar Baby[Completed]Where stories live. Discover now