အမှတ်တရတွေ များတဲ့နေရာက ပိုက်ဆံမကုန်တဲ့ သူတို့ရဲ့ခေါင်မိုးထပ်က ခုံတန်းရှည်လေးမှာပေါ့ ။ လသာတဲ့ညဆို ကြယ်တွေကြည့်ပြီး မနက်ဖြန်ဘာစားကြမလဲ ထိုင်ဆွေးနွေးရင်း ညတိုင်း ဒိတ် လုပ်နေကျ ။ ခုတော့ သူတစ်ယောက်တည်းဆို အိမ်ရှေ့ထွက်ထိုင်ဖို့ မပြောနဲ့ ပြန်လာတာနဲ့ စာကျက်ရင်ကျက် မကျက်ရင် အိပ်ယာထဲ ဒူးကွေးအိပ်နေတာပဲ ။ ဒါတောင် အလွမ်းတွေက အရမ်းကို တာရှည်ခံပြီး မျက်လုံးမှိတ်လိုက်တိုင်း စွဲညို့ပုံရိပ်တွေက ပေါ်လာချင်သေးတယ် ။

ရက်ကိုလစား လကိုနှစ်စားနဲ့ အချိန်တွေက ကုစားပေးလိမ့်မယ်လို့ သူတို့နှစ်ယောက်အကြောင်းကို သိတဲ့သူတစ်ချို့က နှစ်သိမ့်ပေးကြပေမယ့် ချမ်းက ပြုံးရုံပြုံးခဲ့သည် ။

ဖြစ်နိုင်ရင် စွဲညို့ကို သူနဲ့ပက်သက်ပြီး အမှတ်တရတစ်ချို့ကို အချိန်တွေက ကုစားပေးတာသွာမျိုး မလိုချင်ဘူးလို့ပြောရင် သူ တစ်ဆိတ်လောက်အတ္တကြီးနေမလားဘဲ ။ လမ်းခွဲပြီးသားရည်းစားဟောင်းကို အနားပြန်လာစေချင်တဲ့ မျှော်လင့်ချက်နဲ့ မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်းလောက်ပဲဖြစ်ဖြစ် သူ့ရဲ့ပုံရိပ်တွေကို စွဲညို့ရဲ့မှတ်ညဏ်ထဲရှိစေချင်သေးသည် ။ မတော်လို့ သူတို့လမ်းမှာ အမှတ်မထင်တွေ့ဆုံဖြစ်ခဲ့ရင် ငြိမ်းချမ်းဆိုတဲ့လူဟာ တစ်ချိန်က သူပက်သက်ဖူးခဲ့တဲ့လူတစ်ယောက်မှန်း မှတ်မိစေချင်သေးသည် ။

မတော်လို့ မင်းက မင်းအမေဖြစ်စေချင်သလို မိန်းမနဲ့ကလေးနဲ့ ပျော်ရွှင်စရာမိသားစုလေးတစ်ခု ပိုင်ဆိုင်လာခဲ့မယ်ဆိုရင် ငြိမ်းချမ်းဆိုတဲ့ ခပ်နုပ်နုပ်ကောင်လေးတစ်ယောက်ကို လုံးဝမေ့သွားမှာလားဟု တွေးပူမိသေးသည် ။

စွဲညို့ ............. မင်းကို ငါမပိုင်တော့ပေမယ့် နည်းနည်းလေးတာ့ ဆိုင်ချင်သေးတယ် ။

ငါကလည်းနော် ........ စကားပြောတာ ဟိုမရှင်း ဒီမရှင်းနဲ့ ...............

'

******************

ဘဏ်ရှေ့မှာ ချမ်းရပ်နေတာအတော်ကြာပြီ ။ အိပ်ထဲကိုမသိမသာနှိုက်ထားတဲ့ လက်ထဲမှာက ဘဏ်စာအုပ်တစ်အုပ် ။ သူ ထိုနေရာမှာ ရပ်နေတာ နာရီဝက်လောက်ရှိနေပြီမို့ လုံခြုံရေးတွေကတောင် သူ့ကိုသိပ်မသင်္ကာတော့ ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now