''မေ ...........  ကျွန်တော့်ကို ချစ်တယ်ဆိုတာ တကယ်ကောဟုတ်လား ။ ကိုယ့်သားတစ်ယောက်လုံး ရင်ကွဲမတတ်ဖြစ်နေတာကို မေ ကအပြုံးမပျက်ကြည့်နေနိုင်တာကို ကျွန်တော် တကယ်အံသြတယ် ''

'' မင်းရဲ့ကောင်လေးက မင်းကို သိန်းသုံးရာနဲ့ရောင်းသွားတာလေ ။ ဒါတောင် မင်းက စိတ်မနာနိုင်သေးဘူးလား ။  ကလေကချေတစ်ကောင်အတွက်နဲ့များ ကိုယ့်ရဲ့ ဘ၀တစ်ခုလုံးနဲ့ လဲရဲသေးတယ် ။ မေ ကတော့ မေ့သားလေးကို အဲ့ဒီကောင်လေးနဲ့အတူ နွံထဲမနှစ်စေချင်ဘူး ။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားကိုချစ်လို့ သားဘ၀ကို အမြင့်ရောက်အောင် လုပ်ခဲ့တာတွေကို တစ်နေ့တော့ သားနားလည်လာမှာပါ ''

'' ချစ်လို့ ............ ဟုတ်လား ။ မေ့ ရဲ့အချစ်တွေက အတ္တတွေနဲ့ဖုံးလွှမ်းနေတာကိုကောမြင်လား ။ မေ့ သားဘ၀ကိုတော့ အမြင့်ရောက်စေချင်လို့ ဆွဲတင်တယ်ပြောတယ် ။ ဒါဆို ချမ်းကကော ........ သူ့မိဘတွေကကော သူ့ကိုမချစ်ဘူးထင်လား ။ သူ့မိဘတွေအတွက် သူက သားလိမ်မာတစ်ယောက်ပါ ။  သူ့မိဘတွေအတွက် အဖိုးတန်သားတစ်ယောက်ပါ ။ ဒါကိုတောင် မေကဘယ်လိုစိတ်နဲ့များ သူများအဖိုးတန်သားလေးရဲ့ဘ၀ကို စုတ်ပြတ်သတ်စေလောက်တဲ့အထိ လုပ်ရဲရတာလဲ? ''

'' ဒါတွေအားလုံးက မင်းကြောင့်ဖြစ်လာတာလေ ။ မင်းသာ အဲ့ဒီကောင်လေးနဲ့ အစကတည်းက မပက်သက်ခဲ့ဘူးဆိုရင် မေ့အနေနဲ့ အနေသာကြီးပါ ။ သားကြောင့် မေ့ အချိန်တွေတောင် ပုပ်ခဲ့ရသေးတယ် ။ ခု သားကိုမေက အခွင့်အရေးပေးနေတာမဟုတ်ဘူး ။ လုပ်ကိုလုပ်ရမယ် သွားကိုသွားရမယ်ဆိုတာ သိအောင်ပြောတာ ။ သားဆက်ပြီး ခေါင်းမာနေရင် ငြိမ်းချမ်းဆိုတဲ့ကောင်လေ ကျောင်းဆက်မတက်နိုင်တဲ့အထိ မေ လုပ်ပစ်မှာ ။ မေ က စကားကိုလက်လွတ်စပယ်မပြောတတ်မှန်း သားသိပါတယ် ''

ဘုရား....... ဘုရား .... ။ ဒါ သူအရမ်းချစ်ခင်လေးစားခဲ့တဲ့ မိခင်ကော ဟုတ်ရဲ့လား ။ ကိုယ့်သားအတွက်နဲ့ သူများသားသမီးဘ၀ကို ဒီလောက်ထိ လုပ်ရဲရတာလဲ ။ မေ့မှာ သားသမီးချင်း ကိုယ်ချင်းစာတတ်တဲ့ စိတ်မရှိတော့ဘူးထင်တယ် ။ အကြင်နာတရားဆိုတာ ဘယ်လိုပြယုတ်မျိုးလဲဆိုတာ Crown ရဲ့ Chairman   ဖြစ်တဲ့ ဒေါ်သက်ထားသခင် မသိတော့ဘူးထင်တယ် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now