IDOL-4

1.5K 207 30
                                    

<zawgyi>

ခရစ္စမတ်​ဟာ Kyungsooအတွက်​တော့ အထူးတလည်​ မရှိခဲ့ ။ ကုမ္ပဏီက လုပ်​ပေးတဲ့ ခရစ္စမတ်​ပွဲတော်​မှာ ခဏတဖြုတ်​သာ ပျော်​ပါးခဲ့ပြီး အိမ်​ကိုပြန်​၍သာ အနားယူတော့သည်​ ။

ပြောတော့သာ ခဏတဖြုတ်​ ။ ပြန်​မယ်​ဆိုရင်​ ကုမ္ပဏီက အသိတွေက ဆွဲထားတာနဲ့ အားနာလို့ ပြန်​ထိုင်​တာနဲ့ ၇နာရီကျော်​မှသာ အိမ်​ပြန်​ရောက်​တော့တယ်​ ။

ဒီလိုအချိန်​ အနားမှာ ကောင်​လေးရှိနေဖို့ရာ မတောင်းတလိုပါ ။ တစ်​နှစ်​ရဲ့ ၁၀ရက်​မကျော်​သော အားလပ်​ချိန်​ ပေးမှသာ အေးအေးဆေးဆေး အနားယူရတဲ့ ကောင်​လေးကို လွမ်းပါတယ်​ဟု မပူစာချင်​ ။

ချစ်​တတ်​လွန်းတဲ့ ကောင်​လေးက သူ့အလွမ်းတွေ ငြီးတွားမိလျှင်​ ရောက်​ရာနေရာက အလုပ်​ဖျက်​ပြီး ချက်​ချင်းလှည့်​ပြန်​လာလိမ့်​မှာ ။

ဘက်​စ်​ကားရဲ့ မှန်​ကနေ အပြင်​ကိုမြင်​နေရတဲ့ Kyungsooရဲ့ မြင်​ကွင်းထဲမှာ အတွဲကိုယ်​စီနဲ့ ပျော်​ပါးနေတဲ့ လူသားတွေဟာ အများအပြား ။

ချစ်​သူ၏လက်​ကို တင်းတင်းဆုပ်​ကိုင်​၍ တစ်​လောကလုံးက လူသားတွေအား ဒါဟာကိုယ့်​ချစ်​သူပါဟု အတိအလင်း ကြေညာနေသည့်​ ချစ်​စရာ အတွဲလေးတွေအား ငေးငေးငူငူ ကြည့်​မိသည်​ ။

တစ်​နေ့တော့ မင်းရဲ့လက်​ကို လူပုံအလည်​မှာ ဆွဲကိုင်​နိုင်​မှာပါနော်​ ။ ကျနော့်​ချစ်​သူပါ ဆိုတဲ့စကားနဲ့ အတူတူလေ ။

" Jongdae !! မင်းရောက်​နေတာလား ? "

အခန်းမီးတွေက ပွင့်​လို့ ။ စားပွဲပေါ်မှာလည်း စားစရာတွေက အသင့်​ ။ တိုက်​ခန်းရဲ့ pwကိုသိတာဆိုလို့ သူငယ်​ချင်းတွေထဲက Jongdaeတစ်​ယောက်​သာရှိသည်​ ။

သူများတွေ အတွဲကိုယ်​စီနဲ့ ဖြတ်​သန်းနေတဲ့ ခရစ္စမတ်​ညမှာ သူငယ်​ချင်းလေးရှိတော့ အထီးကျန်​ဆန်​မှုတွေ လျော့တာပေါ့ ။

နည်းနည်းလေးမှ အလွမ်းပြေလိုပြေငြား ကောင်​လေးရဲ့ အကြောင်းတွေ နည်းနည်းပါးပါး မေးမြန်းမလားလို့ ။

" Jongdae ဘယ်​မှာလဲ ။ ငါ့အခန်းထဲမှာလား "

အနီရောင်​ဆွယ်​တာလေးနဲ့ သူ့ရှေ့မှာ အပြုံးချိုချိုတွေပေးရင်း ရပ်​နေသည့်​ လူသားဟာ သူရဲ့ကောင်​လေး အစစ်​မှဟုတ်​ပါလေစ ။

D_reamLan_D &lt;KS short stories&gt;Where stories live. Discover now