Who are you-1

376 48 0
                                    

<unicode>

သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ အထိမ်းအမှတ်အနေနဲ့ လမ်းဘေးဆိုင်လေးမှာ သွားသောက်ဖြစ်ကြသည်။

လိုသလိုသုံးနိုင်တဲ့ လူပေါ်ကျော ့သူဌေးသားလေးတွေ ဖြစ်လင့်ကစား စိတ်တူကိုယ္တူ သူငယ်ချင်းတတွေကတော့ ကိန်းခန်းကြီးဆိုင်တွေအစား ဒီလိုလမ်းဘေးဆိုင်ငယ်လေးကိုသာ သဘောကျကြသည်။

ကျောင်းဆရာတစ်ယောက်အဖြစ် ကျောင်းသားတွေရှေ့မှာ တည်တည်တံ့တံ့ နေရတဲ့အချိ်န်တွေကသာ များသည်မို့ စိတ်လွတ်ရာ ဒီလိုနေ့လေးမှာသာ တစ်ခွက်ပြီးတစ်ခွက် မနာတမ်းသောက်နေသည့် Kyungsooကို ဘေးက၂ယောက်က ဘာမှမပြောပဲ ဒီအတိုင်းသာ လွှတ်ထားလိုက်၏။

သောက်ရင်းနဲ့မှ တဖြည်းဖြည်းရေချိန်ကိုက်လာသည့် Kyungsooမွာ နောက်တစ်ခွက်ဆို သောက်နိုင်စွမ်းသတ်မှတ်ချက်ပြည့်ပြီ။

နောက်ဆုံးအရက်ခွက်ကို ကောက်မော့ပြီးချိန်မှာတော့ ဘေးနားမှာအသင့်ဖြစ်နေတဲ့ Chanyeolက Kyungsooကိုဆွဲချုပ်ထား၏။

Baekhyunကလည်း အသင့်ဆောင်ထားတဲ့ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်ဘူးကိုမြန်မြန်ဖွင့်ကာ Kyungsooပါးနှစ္ဖက်ကို ညှစ်ခွဲပြီးဝင်အောင် လောင်းထည့်ရတော့သည်။

ပါးစပ်ထဲကို အချဉ်ဓာတ်ပါတဲ့ အရည်တစ်မျိုး ဝင်လာတဲ့အခါမှာ Kyungsooကလည်း မူးမူးနဲ့ရုန်းတော့သည်။

လမ်းဘေးဆိုင်လေးထဲမှာ ၃ယောက်ပေါင်း ဂယောက်ဂယက်ဖြစ်နေတဲ့ သူတို့တွေကို ဆိုင်ထဲကလူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့။

လူတွေကြည့်ချင်သလောက် ကြည့်ကြပါစေ ဂရုမစိုက္ဘူး။ ူသူတို့ဂရုစိုက်တာက Kyungsooပါးစပ်ထဲ အချဉ်ဓာတ်ပါတဲ့ အရည်တစ်မျိုးဝင်ပြီး အေးအေးဆေးဆေး မှောက်သွားဖို့သာ။

ဒီအတိုင်းဆိုရင်သာ Kyungsooက လူရိုးလူအေးလေး။ အရက်မူးရင် ဘယ်လောက်သွေးဆိုးသလဲဆိုတာ သိတဲ့သူတွေအဖို့ Kyungsooနဲ့ အရက်သွားသောက်ရင် အချဉ်ဓာတ် တစ်မျိုးပါတဲ့ ဖျော်ရည်ဘူး တစ်မျိုးမျိုးကို အမြဲဆောင်ထားရသည်။

မူးလို့သွေးဆိုးတော့မယ့် အရိပ်အယောင်ဆိုရင် Kyungsooပါးစပ်ကိုဖြဲပြီး အချဉ်ဓာတ်ပါတဲ့ အရည်တစ်မျိုး လောင်းချရတော့၏။ ဒီလိုမှပဲ ကိုယ်တော်ချောက မူးပြီးလျှင် ေအးအေးဆေးဆေး မှောက်တော့သည်။

D_reamLan_D &lt;KS short stories&gt;Where stories live. Discover now