ဆယ်ဟွန်း မနေ့ညက ညနက်ကြီးပေမဲ့ မားမားတို့ဆီပြန်သွားလိုက်ပီး ချန်းယောလ်နဲ့ ကွားရှင်းချင်ကြောင်းပြောလိုက်သည်...။
တစ်ညလုံးနီးပါး အဆူခံရပီးနောက် အိပ်ပျော်နေတဲ့ သားသုံးယောက်နှင့်အတူ ဆယ်ဟွန်းပါ ဝင်လှဲအိပ်လိုက်သော်လည်းတစ်ညလုံးအိပ်မပျော်...။
မားမားက သေချာစဉ်းစားဖို့...
ပြသနာ ကို သေချာရှင်းဖို့ပြောသော်လည်း...
မိမိကို ချန်းယောလ်မှ မချစ်တော့ဘူးဆိုတဲ့ အသိဟာ ရင်တစ်ခုလုံးစုတ်ပြတ်သတ်သွားအောင် စွမ်းနိုင်တာမို့...ဘာမှ ထပ်စဉ်းစားစရာမလိုတော့အောင် သေချာနေခဲ့ပီ...။
မနက်လင်းတော့ ပါးပါးက ဆယ်ဟွန်းကို စကားမပြော...။
သားသားလေးတို့ အတွက် လိုအပ်တာဝယ်ဖို့ ထွက်လာရင်း store တစ်ခုအရောက် အသိတစ်ယောက်က လာမိတ်ဆက်တာမို့ စကားမပြောချင်ပဲ ပြောနေတုန်း မိမိလက်ကို အကြမ်းပရမ်း အဆွဲခံလိုက်ရပီး မိမိကို အတင်းဆွဲခေါ်သွားသည်..။
ဆွဲခေါ်နေတဲ့ သူက ချန်းယောလ် ဖြစ်တာကြောင့် အနည်းငယ် ရုန်းကန်မိတော့...
"အရှက်မကွဲချင်ရင် အသာတကြည်လိုက်ခဲ့"
ခြိမ်းခြောက်လိုက်တာက အတင်းရုန်းကန်နေတဲ့ ဆယ်ဟွန်းကြောင့်...
လူရှင်းတဲ့ လမ်းကြားထဲ ဆွဲခေါ်လာခဲ့ပီး...
"မင်း ငါနဲ့ ကွာရှင်းချင်ရတာ အဲ့ကောင်မလေးကြောင့်လား..."
"မဆိုင်တဲ့သူကို ဆွဲမထည့်နဲ့ ချန်းယောလ်"
ဟား...သူ့ကောင်မလေးကို ထိတော့ မခံနိုင်ဘူးပေါ့...။
"ဘာလဲ သူ့ကို ထိတော့ မခံနိုင်တာလား...
ပြောစမ်းပါဦး သိချင်လွန်းလို့ သူက ငါ့ထက် အိပ်ယာထဲမှာပိုကောင်းလို့လား...
အမို့အမောက်တွေပါလို့လား ဟမ်...
ဖြေစမ်းပါ သိချင်လွန်းလို့"
ဆယ်ဟွန်း ချန်းယောလ်က ဒီလိုပြောလာမယ်လို့ တွေးထင်မထားခဲ့...။
ဒီလောက်တောင် ဆယ်ဟွန်းကို အထင်သေးထားခဲ့တာလား...။
အမှားလုပ်တဲ့သူက သူလေ..။
"မင်းစိတ်နဲ့ မနှိုင်းနဲ့ ချန်းယောလ် ငါလိပ်ပြာငါလုံတယ်...
သူခိုးက လူပြန်ဟစ်လို့"
"ဟက် ငါဘာတွေများလုပ်မိလို့လဲ ဟမ်"
ဆယ်ဟွန်းပြန်မဖြေမိ...
မျက်မြင်တွေ့ခဲပီးပီပဲ...။ နှုတ်ကနေ ပြောပြနိုင်စွမ်းမရှိပါ...။
ပြန်တွေးတိုင်း ရင်တွေနာလွန်းလို့...။
"ဟက် မင်းမှာ အဖြေမရှိဘူးပဲ..."
ငါမှာအဖြေရှိပီး မင်းကိုပြောဖို့ မစွမ်းနိုင်ဘူး...။
မင်းသာ မင်းရဲ့ တစ်ညတာ အမှားပါလို့ ဝန်ခံရင်တောင် ငါ ခံစားနိုင်မှာမဟုတ်ဘူး....။
"အမို့အမောက်တွေထက် ငါက သာယာတာ မင်းကို သက်သေ ပြတာပေါ့ကွာ..."
ပြောရင်းပင် ဆယ်ဟွန်းနှုတ်ခမ်းတွေကို အတင်းဆွဲနမ်းပစ်လိုက်သည်...။
အတင်းရုန်းနေတဲ့ ဆယ်ဟွန်းလက်တွေကို အပေါ်မှာ တင်ထားလိုက်ပီး ချန်းယောလ် လက်တစ်ဖက်ထဲနဲ့ ထိန်းထားလိုက်သည်..။
လျှာဖျားကို ဆယ်ဟွန်းခံတွင်းထဲ အတင်းတိုးဝင်ကာ ခံတွင်းတစ်ခုလုံးမွှေနှောက်ကစားပြစ်သည်...။
မလွတ်နိုင်မှန်းသိရက်နဲ့ ရုန်းကန်နေတဲ့ ဆယ်ဟွန်းဟာ သက်သက် အားအကုန်ခံနေသလို...။
နမ်းနေရင် ချန်းယောလ် ခံစားလိုက်ရတာ ငံကျိကျိ အရသာ...။
ဆယ်ဟွန်းငိုနေတာလား...။ဆယ်ဟွန်းက သူနမ်းလို့ ငိုနေတာတဲ့...။
ဒီလောက်တောင် ချန်းယောလ် အထိအတွေ့က ရွံစရာဖြစ်နေတာလား...?
"မင်းငါ့ကို ဒီလောက်တောင် မုန်းတာလား"
အရူးတစ်ယောက်လို တစ်ဟားဟားအော်ရယ်ကာ..
ထိန်းချုပ်ထားတဲ့ ဆယ်ဟွန်းရဲ့ လက်တွေကို လွှတ်ပေးလိုက်ပီး ..
"ငါ့ကို မမြင်ချင်အောင်ရွံနေတာလား..?ဟင် ဆယ်ဟွန်း.."
"ဟုတ်တယ် မမြင်ချင်လောက်အောင် ရွံတယ်..
ငါအချစ်တွေနဲ့ မတန်တဲ့ မင်းကို ရွံတယ်.."
မျက်ရည်တွေသုတ်ပီး ပြေးထွက်သွားတဲ့ ဆယ်ဟွန်း ကို ချန်းယောလ် မတားမိ...။
မင်းငါ့ကို ချစ်တယ်လို့ပြောသွားပီး...ဘာလို့များ ကွာရှင်းချင်ရတာလဲ...
ငါတို့ကြားမှာ ဘယ်အရာတွေကများ အထင်လွဲစရာတွေ ဖြစ်နေခဲ့ပါသလဲ...
ဘယ်အရာတွေကများ ငါ့တိုနှစ်ယောက်ကို ကွဲကွာစေသလဲ?