ချစ်သောနှင်းဆီ ( 10.2 )

Start from the beginning
                                    

ဒါ... ဖခင်ဆီက လက်ဆောင်လား...။ သူ အရမ်းစိတ်လှုပ်ရှားသွားသည်။ သူ ထွက်သွားဖို့မေ့သွားကာ ဆက်လက်ဒူးထောက်ပြီး ဖခင်၏ခြေချင်းဝတ်ကို ဖက်တွယ်ကာ ရုပ်ထုကို ဖြူဖွေးနေသည့်သူ့ပါးဖြင့် ပွတ်သပ်ရင်း နောက်ဆုံးတော့ စိုစွတ်နေသည့်သူ့မျက်ဝန်းက ကြည်လင်သည့်မျက်ရည်နှစ်စက် ကျဆင်းလာခဲ့သည်။ ပါးပြင်တစ်လျှောက် စီးဆင်းလာပြီး မေးစေ့တွင် တွယ်ကပ်နေပုံက သနားစရာကောင်းလှသည်။

" ဖခင် နတ်ဘုရား... သားတော် ဆုတောင်းတာ ကြားလိုက်လား။ ဖခင်... သားတော် ဖခင်ကို ဘယ်လောက်ချစ်မြတ်နိုးလဲ သိရဲ့လား...။ ဖခင် နတ်ဘုရား... သားတော်ရဲ့ဖခင်... သားတော်ရဲ့ဘဝ... ပြီး သားတော်ရဲ့စိတ်ဝိညာဉ် အားလုံး ဖခင်ပိုင်ဆိုင်တာပါ။ ကျေးဇူးပြုပြီး အားလုံးကို ယူလိုက်ပါ "
သူ ဖခင်ကို ထားရစ်ပြီး မိနစ်ပိုင်းလေးတောင် မထွက်သွားချင်တော့ဘူး။

ထိုအချိန်တွင် တံခါးတွင် စောင့်နေသော အစေခံက တိုးတိုးလေး ပြောလာသည်။
" အရှင်... ဒုတိယမင်းသားရဲ့ နှစ်ခြင်းမင်္ဂလာကျင်းပမယ့်အကြောင်း ဆွေးနွေးဖို့ အရှင်ကို ဆွေးနွေးဆောင်ဆီသွားဖို့ ဂိုဏ်းချုပ်က မှာလိုက်ပါတယ်။ "

ကျူးယွင်ရှန့်သည် ဘာမှမကြားသလို ဖခင်၏ခြေချင်းဝတ်ကို မျက်စိလည်လမ်းမှားပြီး နောက်ဆုံး မိဘရင်ခွင်ထဲ ပြန်ရောက်လာသည့် သိုးငယ်လေးလို အတင်းဖက်တွယ်ထားသည်။ သူ ခြေလှမ်းတစ်လှမ်းလေးတောင် ရွေ့ပြီးစွန့်ခွာသွားချင်စိတ်မရှိတော့ဘူး။

အလင်းနတ်ဘုရားသည် တင်ပျဉ်ခွေထိုင်နေရာမှ မတ်မတ်ထထိုင်လိုက်ပြီး အနည်းငယ်ကျဉ်းမြောင်းနေသည့် သူ့မျက်ဝန်းထဲတွင် နူးညံ့သည့်ပြုံးရိပ်လေးသန်းလာသည်။ ကိုယ့်ကိုယ်ကို ကြံ့ကြံ့ခံပြီးထိန်းချုပ်ဖို့ ကြိုးစားပေမယ့် နောက်ဆုံး သည်းမခံနိုင်တော့ဘဲ သူ့နှလုံးသားထဲ ထကြွသောင်းကျန်းလာကာ နောက်တစ်ဖန် ကောင်လေးနဖူးကြား လက်ညှိုးထပ်ညွှန်လိုက်သည်။

ပထမတစ်ခါထက် ပိုသန့်စင်ပြီး အားကောင်းသည့်စွမ်းအင်တွေသည် ကြီးမားလှသော သမုဒ္ဒရာလှိုင်းလုံးကြီးလို စီးဝင်လာပြီး ကောင်လေးရဲ့ဝိညာဉ်စွမ်းအား မြှင့်တက်လာကာ တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ရုတ်တရတ် စွမ်းအင်တွေ စီးဝင်လာတာကြောင့် သူ့ခြေလက်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အံ့သြသင့်စွာဖြင့် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။ ဖခင်၏သဘောကောင်းလှသော လက်ဆောင်ကြောင့် အရမ်းစိတ်တုန်လှုပ် ခြောက်ခြားသွားသည်။ သေးငယ်သောသူ့နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ပြီး ငိုကြွေးတော့သည်။ ဖျော့တော့နေသည့် မျက်နှာက တဖြည်းဖြည်း နီရဲလာကာ နွမ်းလျခွေယိုင်နေပြီး တရားလွန် ဖြားယောင်းသွေးဆောင်နေဟန် ပေါ်နေသည့် သူ့သွင်ပြင်က နတ်ဘုရားတွေကိုတောင် အရူးအမူးဖြစ်သွားစေနိုင်သည်။

ချစ်သောနှင်းဆီ / ချစ်သောနှင်းဆီ ( ဗီလိန္မာယာ Arc 10 )Where stories live. Discover now