ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၁၁

Start from the beginning
                                    

''အိုး p' ...''

''ဘာလဲကွာ''

''ရေချိုးမလို့ ဖယ်''

''ဟာ''

''ဟင်း ဟင်း''

ကျွန်တော်ကခုံမှ ထပီး ရယ်လိုက်တော့ သူကမျက်မှောင်လေးကျုံ့ပီး

''ဘာရယ်တာလဲ''

''ဘာရယ်လို့လဲ''

''ချစ်နော် ကိုယ့် အရူးလုပ်သွားတယ် လူလည်လေး''

ကျွန်တော်လည်း ရေချိုးခန်းထဲဝင်လိုက်သည်။ သူက ပြောရင်းကျန်ခဲ့သည်။ ကျွန်တော်လည်း ရေချိုးသန့်စင်ပီးတော့ အပြင်ထွက်လာခဲ့သည်။

ခေါင်းသုတ်နေရင်း သူကိုကြည့်လိုက်တော့ ဆိုဖာပေါ်တွင် မျက်လုံးလေးမှိတ်ပီးအိပ်ပျော်နေသည်။ ကျွန်တော်လည်း သူ့အနားထိုင်လိုက်ပီး သူ့မျက်နှာလေးတစ်လျှောက်ကို သေချာကြည့်လိုက်သည်။

ပီးတော့ သူ့နှုတ်ခမ်းပါးပါးလေးဆီ မျက်လုံးရောက်သွားပီး
သူ့နှုတ်ခမ်းတစ်စုံကို ဖိနမ်းလိုက်တော့ သူက မျက်လုံးလေးဖွင့်လာသည်။ ကျွန်တော်လည်း လန့်ပီး အနောက်ဆုတ်လိုက်သည်။

sing//
သူက ရယ်ပီး ရေချိုးခန်းထဲဝင်သွားတော့ ကျွန်တော်လည်း ဆိုဖာပေါ်တွင် မျက်လုံးလေးမှိတ်ပီး မှေးနေလိုက်သည်။ တစ်ချိန်လုံးစာတွေကြည့်နေတော့ ခဏအနားယူနေလိုက်သည်။ ခဏကြာတော့ သူတံခါးဖွင့်ပီး ထွက်လာသံကြားသည်။ ကျွန်တော်လည်း မထချင်သေးတာနဲ့ ဆက်မှေးနေလိုက်သည်။ သူ ကျွန်တော်နားထိုင်လိုက်သည်။

ခဏနေတော့ ကျွန်တော့်မျက်နှာနားကို သူ့ရဲ့ အသက်ရှူထုတ်တဲ့ လေကတိုးလာပီး ကျွန်တော့်နှုတ်ခမ်းတစ်စုံကို သူ့နှုတ်ခမ်းတစ်စုံနဲ့ ထိကပ်လာသည်။ ကျွန်တော်လည်း အံ့သြပီး မျက်လုံးလေးဖွင့်ကြည့်လိုက်တော့ သူက လန့်ပီး နောက်ဆုတ်သွားသည်။ ဒါနဲ့ ကျွန်တော်က သူ့ ခါးလေးကိုဆွဲဖက်လိုက်ပီး

''ဘာလုပ်တာလဲ သူခိုးလေး လူမိပီ''

''ဘာသူခိုးလဲ''

''ဟုတ်တယ်လေ ကိုယ့်နှုတ်ခမ်းကို ခိုးသွားလို့ ကိုယ်ပြန်ယူရမယ်''

''ဒီမှာလေ p' နှုတ်ခမ်းက''

သူက ကျွန်တော့်နှုတ်ခမ်းကိုလက်ညိုးလေးနဲ့ တို့ပီးပြောရင်း ပြန်ရုတ်လိုက်တော့ ကျွန်တော်က သူ့လက်ကောက်ဝတ်ကို ဖမ်းလိုက်ပီး သူ့လက်ညှိုးလေးကို နမ်းလိုက်သည်။ ပီးတော့ ကျွန်တော်က

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now