Tiffany : Hmm~ Indestructible Yeah yeah~
Seohyun : အချိန်တွေကုန်ဆုံးသွားတာ
မြန်ဆန်လွန်းတယ်နော် the way we are
Yuri : ဘယ်အချိန်ကတည်းကစပြီး
ငါတို့ရဲ့အတွေးတွေ ထပ်တူညီနေခဲ့တာပါလိမ့်
Tiffany : ရန်ဖြစ်ခြင်းတွေ နှုတ်ဆိတ်နေမှုတွေ
အရာရာကို ငါတို့အတူလုပ်ခဲ့ကြတယ်လေ
Yoona : အဲ့တာတောင်မှ မင်းရဲ့အသံလေးက
ငါ့ကို စိတ်သက်သာရာရစေတယ်
Tiffany : How you like me?
Sooyoung : စိတ်ထိခိုက်စေတဲ့ အငြင်းအခုံတွေကြားထဲ
Tiffany : It's so hard
Sunny : မလွယ်ကူပေမဲ့နွေးထွေးလှတယ်
All : အဲ့ဒီ Indestructible, unbreakable
Taeyeon : ဘယ်တော့မှ
မပျက်စီးသွားမဲ့နှောင်ကြိုးတွေ ငါတို့ရဲ့နှလုံးသားက Twin soul
All : ဥပမာပြောရရင် မင်းက ချောက်ကမ်းပါးကြီးတစ်ခုကနေ ပြုတ်ကျမလိုဖြစ်နေခဲ့ရင်တောင် တစ်ခုတော့သိထားပေးပါ
Sunny : ငါအဲ့ဒီလက်ကို လွှတ်လိုက်မှာမဟုတ်ဘူး
Hyoyeon : နောက်ဆုံးအချိန်ထိ
ကာကွယ်ပေးနေမှာမို့လို့
Sooyoung : မင်းကြောင့်လားတော့မသိ
ထူးဆန်းစွာနဲ့ဘဲ I like myself
Hyoyeon : ငါမကြိုက်တာတွေအများကြီးရှိပေမဲ့
သူတို့တွေကတဖြည်းဖြည်း ပျောက်ကွယ်နေပြီ
Yuri : ချစ်တဲ့သူနဲ့ အတူရှိနေခြင်းက
လူတွေကို ပိုပြီးသန်မာလာစေတယ်လို့
Sunny : ငါငယ်ငယ်တုန်းက
ငါ့အဖေကပြောပြခဲ့ဖူးတယ်
Yoona : ငါစိတ်တွေရှုပ်ထွေးနေတာလား
Tiffany : ငါ့ခံစားချက်တွေ
မင်းဆီရောက်အောင် ပို့ဆောင်ပြီးပြီလား
Yoona : ထားပါတော့
Taeyeon : အခုမင်းကို ဖွင့်ပြောပြချင်တယ်
All : တစ်ခါတစ်လေမှာ
အရေးကြီးတဲ့အရာတွေက
Tiffany : Invisible မမြင်ရဘူး ဒါကြောင့် ထပ်ကာထပ်ကာ
ပြောပြပေးရမယ်
All : မမြင်ရဘဲပျောက်ကွယ်သွားနေတဲ့ အမှန်တရားကို ကိုင်တွယ်ကြည့်ချင်တယ်
Seohyun : ဒီ destiny အတွက်
ကျေးဇူးတင်ပါတယ်
Sooyoung : လေပြင်းတွေတိုက်နေတဲ့ကြားမှာတောင်
ဒီရွက်လှေလေးကို ဆက်လွှင့်မယ်
Tiffany : ငါဘယ်တော့မှ
အရှုံးမပေးဘူး
Sunny : ဘယ်တော့မှမရပ်တန့်ဘူး
Seohyun : ငါတို့ရဲ့
ခံစားချက်တွေကိုချည်နှောင်ပြီး
Taeyeon : ငါတို့တစ်ခါမှမမြင်ဖူးခဲ့တဲ့
ကမ္ဘာသစ်ကြီးဆီကို ဦးတည်ကြမယ်
Sunny : ဒီ Indestructible, unbreakable ဘယ်တော့မှ
မပျက်စီးသွားမဲ့နှောင်ကြိုးတွေ သေချာတယ် our soul
Tiffany : ဥပမာပြောရရင်
တစ်စုံတစ်ယောက်က ငါ့ကို နာကျင်အောင်လုပ်ဖို့
ကြိုးစားမယ်ဆိုရင်တောင်
Seohyun : ဘာတွေဖြစ်လာပါစေ
All : ကိစ္စမရှိဘူး
Yuri : အရေးကြီးတဲ့အရာတွေက
Taeyeon : Invisible မမြင်ရဘူး ဒါကြောင့် မင်းကိုထပ်ကာထပ်ကာ
ပြောပြပေးချင်တယ်
All : မင်းသာမရှိခဲ့ရင် ငါလည်း ဒီနေရာမှာရှိနေနိုင်မှာမဟုတ်ဘူး
Seohyun : ဒီ destiny က
All : Indestructible
Tiffany : Indestructible
YOU ARE READING
Kpop Lyrics That Got Me Moved (Myanmar Translation)
Non-FictionSoneမို့လို့ snsd သီချင်းတွေများပါလိမ့်မယ်နော် Recommend ပေးတာတွေလည်း translate လုပ်ပေးပါ့မယ်
