You are mine 💛

Start from the beginning
                                    

လက်​မောင်းကို ကိုင်​လှုပ်​ခါးယမ်းပစ်​တော့မှ

"အဲ နေ....နေ.....အုံး
ရပြီ။"

စာရွက်​ကိုခေါက်​ကာ စာအုပ်​ပိတ်​၍
သူ့ဘက်​အသာစောင်းငဲ့ကြည့်​လာပါ၏။

"ဘာပြောမလို့လဲ ....ပြောလေ။"

ခန္ဓာကိုယ်​ကိုပါ တစ်​ဖက်​အသာလှည့်​လာ၍
သူ့စကားကို
အသေအချာနားထောင်​တော့မည့်​ပုံပါပဲ။

"ဒီနေ့လေ
ဘေးအခန်းက ကောင်​မလေးတွေက
ကျွန်​တော့်​ဆီလာပြီး
ကျွန်​တော့်​ဖုန်းနံပါတ်​လာတောင်းတယ်​။"

ခေါင်းလေးကိုငုံ့ကာ မဝံ့မရဲလေးဆိုပြီး
ကိုကို့ကို အသာလေး မျက်​လွှာကြည့်​မိတော့

"အင်း "

ကိုကိုက ပကတိ မျက်​ဝန်းများနဲ့ပါပဲလား။

သူ နှုတ်​ခမ်းစူမိသွားရပြီ။

"ဟင်​ အဲ့တော့ ဘာဖြစ်​လဲလို့ Kun ရဲ့။"

ကြည့်​စမ်း။
ဒီအခြေအနေမှာ ပြောရမယ့်​စကားက ဒါလား၊

"ကိုကို ကျွန်​တော်​ပြန်​တော့မယ်​။"

အစက ဖက်​တွယ်​ထားသည့်
ကိုကို့လက်​မောင်းကိုပါ
ပြန်​ပုတ်​ထုတ်​လိုက်​သည်​။

"ဟော ဘာဖြစ်​လို့တုန်း။"

ကိုယ့်​ချစ်​သူ ဘာဖြစ်​လဲဆိုတာတောင်​ မသိဘဲ
အူကြောင်​ကြောင်​ကြီး ပြန်​မေးနေတာဟာ
ကိုကို့ကို စမတ်​ မကျစေဘူးနော်​။
ကိုကို သိရဲ့လား။

"ဟင်​ ပြောလေ
အကောင်းကြီးကနေ ဘာထဖြစ်​တာတုန်း။"

သူ လက်​ကို ဖျစ်​ညှစ်​ ဆုပ်​ကိုင်​လာသည့်​ ကိုကို

ကြည့်​။ပြောပုံကြီးက မသိရင်​ ကျွန်​တော်​ကပဲ
စိတ်​မမှန်​သလိုလို။

"ပြန်​မလို့
ကောင်​မလေးတွေကို ဖုန်းခေါ်မလို့။"

သူစိတ်​ဆိုးစွာဖြင့်​ အော်​လိုက်တာကိုပင်
ကိုကိုက ပြုံးလာပါ၏။

ဒါဟာ သူ့ဒေါသကို ပိုတိုးစေတာပါနော်​။

"ဘာပြုံးတာလဲ ....မပြုံးနဲ့နော်​ "

Taste The Ice-Cream🍦🍦Where stories live. Discover now