အခန္​း[၄]

3.7K 459 1
                                    


Unicode ver

"​ဝေး......​ပျော်​စရာကြီးကျူရှင်​ပိတ်​တယ်​ကွ။Hyung​လျှောက်​လည်​ကြရ​အောင်​ကျူရှင်​ချိန်​ကုန်​မှပြန်​ကြမယ်​"

Taehyungတစ်​​ယောက်​ကျူရှင်​မရှိ၍အ​ပျော်​လွန်​မြူးထူးနေ​လေသည်​။

Taehyungတို့ကျူရှင်သည်​​လူကုံထံမိသားစုက က​လေး​တွေအနည်​းငယ်​သာ​ပေါင်​းပြီး​ကျောင်​းသားအိမ်​တစ်​အိမ်​တွင်​အ​တော်​ဆုံးဆရာ​တွေ​ခေါ်ကာကျူရှင်​သင်​ခြင်​းဖြစ်​သည်​။

အလယ်​တန်​း​ရောအထက်​တန်​း​ရောဝိုင်​းခွဲပြီးတစ်​ချိန်​တည်​းသာသင်​ကြသည်​မို့နှစ်ယောက်လုံးအတွက်အဆင်ပြေလေသည်...။

ဒီ​နေ့ထိုအိမ်​မိသားစုကအ​ရေးကြီးကိစ္စရှိသည်​ဆိုပြီးဘာမ​ပြောညာမ​ပြောရုတ်​တရက်​အိမ်​တံခါးပိတ်​ပြီးခရီးသွား​သော​ကြောင်​့ကျူရှင်​အိမ်​​ရောက်​မှကျူရှင်​မရှိမှန်​းသိကြခြင်​းဖြစ်​သည်​။

"ဟွန်​း​လေးမဖြစ်​ဘူးနှစ်​ဝက်​စာ​မေးပွဲ​တွေနီး​နေပြီစာကျက်​ရမယ်​။Hyungကအထက်​တန်​းစီနီယာဖြစ်​​နေပီကွအ​ရေးကြီးတယ်​"

Jimin​ပြောလိုက်​​တော့​လျှောက်​လည်​ရ​တော့မည်​မို့​ပျော်​​နေ​သောTaehyungမျက်​နှာရုတ်​ချည်​းတည်​သွားသည်​။

"Hyungကလည်​း........."

"Ya Jimin!"

Taehyung​စောဒကတက်​ရန်​ပြင်​​နေတုန်​းမှာပဲခုထိကျူရှင်​မရှိမှန်​းမသိ​သေးနဲ့Hyungတို့ဝိုင်​းကသူငယ်​ချင်​း​တွေ​ရောက်​လာပြီး​ခေါ်လိုက်​​သော​ကြောင်​့စကားစပြတ်​သွားသည်​။

Taehyungတို့ကမပြန်​​သေးဘဲခုထိကျူရှင်​အိမ်​​ရှေ့မှာရပ်​​နေတုန်​းဖြစ်​သည်​။

"အထဲမဝင်​ဘဲဘာလုပ်​​နေကြတာလဲ"

"ဟင်​တံခါးကြီးလည်​းပိတ်​ထားတယ်​"

Hyungရဲ့သူငယ်​ချင်​း​တွေတစ်​​ပေါက်​တစ်​​ပေါက်​​ပြော​နေကြသည်​ကိုTaehyungစိတ်​ပျက်​စွာကြည်​့​နေမိသည်​။​လျှောက်​လည်​ဖို့ဂွင်​ဖန်​​နေပါတယ်​ဆိုသူတို့ကတစ်​မျိုးဟုစိတ်​ထဲက​ပြော​နေမိသည်​။

Trapped Heart [Completed]Where stories live. Discover now