ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၇၅

Start from the beginning
                                    

kit//
ကျွန်တော် ညနေတည်းထဲက အိပ်နေတာ mom ထမင်းစားဖို့ လာနှိုးမှ နိုးသည်။ ဗိုက်ပြည့်နေလို့ ထမင်းတော့ မစားနိုင်တော့ဘူးဆိုပီး ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။ ပီးတော့ ကျွန်တော်လည်း မနက်ဖြန်ကျောင်းတက်ရမှာမို့ ကျောင်းစာတွေ လေ့လာနေလိုက်သည်။ အတန်ကြာတော့ ကျွန်တော်  မနက်က par ပြောလို့ p'sing မျက်နှာပျက်သွားတာကို သတိရသွားသည်။ ဒါနဲ့ ကျွန်တော်လည်း p'sing ကို ဖြေသိမ့်ပေးဖို့ ဖုန်းခေါ်လိုက်သည်။ တစ်ဖက်မှ သူက

''ချစ် ကိုယ်လည်း ဆက်တော့မလို့''

''ဟုတ်လား ပြောလေ''

''အော် ဟို နောက်နေ့တွေ ကိုယ်တို့ မတွေ့ဖြစ်ရင် oaujun တို့နဲ့ ပြန်လိုက်နော် ကိုယ် library ခန်းမှာ off တို့နဲ့ စာစုလုပ်ကြမှာမို့''

''အော် ရတယ်လေ p' ကျွန်တော် oaujun တို့နဲ့ ပြန်လိုက်မယ် p' စာကိုသာ ဂရုစိုက်လိုက်နော်''

''အင်း ကျေးဇူးနော် ချစ် ''

''အင်း''

''စိတ်မဆိုးနဲ့နော်''

''အာ ဆိုးစရာလား p' ရဲ့ ကျောင်းကိစ္စကို''

''အင်း အော ချစ် ဘာလို့ ဖုန်းဆက်တာလဲ''

''ကျွန်တော်ပြောစရာရှိလို့''

''ပြောလေ''

''ကျွန်တော် p' ကိုချစ်တယ်''

''ကိုယ်လည်း အတူတူပါပဲ အော အဲဒါပြောဖို့လား ကိုယ် သိပီးပီလေ''

ကျွန်တော်ပြောတာကို သူက ပြန်ပြောလိုက်ပီး နောက်တော့ သူက ရယ်သံနဲ့ ကျွန်တော်ကို စနေသည်။ ဒါကို ကျွန်တော်က

''ဟုတ်ပါတယ် မနက်က par ပြောလိုက်တဲ့ စကားကြောင့် p' စိတ်မကောင်း ဖြစ်သွားတာကို ကျွန်တော်သိတယ် ''

''အော်''

''ဒါကြောင့် p' စိတ်ထဲမထားနဲ့နော် ကျွန်တော် p' ကို ချစ်တယ် ဘာမှ စိတ်မပူနဲ့ ဆိုတဲ့ အကြောင်းကို ပြောချင်လို့ ''

''အင်း မပူပါဘူး ကိုယ့်ဆီမှာ ချစ် တစ်ယောက်လုံးရှိနေရင် ကိုယ်ဘာကိုမှ မကြောက်ဘူး အဲဒါကို သိထားနော် ''

''p'... ''

''ဟင်''

''ကျွန်တော် mom ကို ပြောလိုက်သေးတယ်''

''ဘာကိုပြောလိုက်တာလဲ''

''ကျွန်တော်က mom p'sing ကို ဘယ်လိုမြင်လဲ မေးလိုက်တယ်

''mom က ဘာပြောလဲ''

''ယျဉ်ကျေးတယ် အေးအေးဆေးဆေးနေတတ်တယ် ချစ်ခင်တတ်တဲ့ပုံတဲ့ ပီးတော့ ကျွန်တော်က p'sing ကို ချစ်တယ်ပြောလိုက်တော့...''

''ဟာ mom ဘာပြောလဲ''

ကျွန်တော် စကားမဆုံးခင် သူက သိချင်စောများပီး မေးလိုက်သည်။ ဒါကို ကျွန်တော်က

''mom က ကျွန်တော် p'sing ကို ချစ်တယ်ပြောတာ nong p' တစ်ယောက်လိုချစ်တယ်ထင်သွားတယ် အဲဒါနဲ့ ကျွန်တော် ဆက်မပြောရဲတော့ဘူး''

''မပြောပါနဲ့ဦး kit ရယ် အခုအချိန် မိဘတွေ လက်ခံနိုင်သေးမှာ မဟုတ်ဘူး ကိုယ်တို့ အချိန်ကိုစောင့်ကြတာပေါ့''

''အင်း ဒါဆို p' စိတ်မကောင်းမဖြစ်နဲ့တော့နော်''

''အင်း ချစ် ကိုယ်လည်း ချစ်တယ်နော်''

''အင်း စာလုပ်တော့နော် မနှောင့်ယှက်တော့ဘူး''

''ဒါ နှောင့်ယှက်တာမဟုတ်ပါဘူး ချစ်သူတွေဖုန်းပြောတာပဲကို ''

''အင်းပါ စာလုပ်တော့ ဒါပဲနော်''

''ဟုတ်ကဲ့ပါ p' ကျွန်တော် စာလုပ်ပါတော့မယ်''

''ဟင်း ဟင်း နောက်နေသေးတယ် good night darling''

''good night my love''

ကျွန်တော်တို့လည်း ဖုန်းချလိုက်သည်။  ပီးတော့ ကျွန်တော်လည်း ဖုန်းချကာ စာဆက်လုပ်နေလိုက်သည်။ ည အိပ်ချိန်ရောက်တော့ အိပ်လိုက်သည်။

Tomorrow
G.N 😍😍😍

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now