ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၇၂

Start from the beginning
                                    

par နဲ့ mom ကတော့ ကျွန်တော်တို့ရဲ့ ပူပန်မှုကိုမသိဘဲ စားလိုက် ဟင်းတွေကို ဟိုလူ့ကိုထည့်ပေးလိုက် ဒီလူ့ကိုထည့်ပေးလိုက်နဲ့ စားနေသည်။ ကျွန်တော်တို့ စားသောက်ပီးတော့ par ကတော့ ထပီး ခုံတွင် သွားထိုင်သည်။ mari နဲ့ jan က mom ကို ဝိုင်းသိမ်းပေးသည်။

ကျွန်တော်နဲ့ new က ပန်းကန်​တွေကို စုပေးလိုက်သည်။ oaujun နဲ့ fait ကတော့ ပန်းကန်တွေကို အနောက်ထဲသို့ သယ်ပေးနေသည်။ ပီးတော့ kit က စားပွဲတစ်ခုကို ခေါက်သိမ်းပေးတော့ ကျွန်တော်လည်း နောက်စားပွဲတစ်လုံးကို သိမ်းလိုက်သည်။ ပီးတော့ ထောင့်နံရံတွင် အတူတူသွားကပ်လိုက်သည်။ ပီးတော့ သူ့ကို ကြည့်လိုက်မိသည်။ သူက ပြုံးပီး

''လာ သွားထိုင်မယ်''

''အင်း''

ကျွန်တော် နဲ့ web က ခုံမှာ သွားထိုင်လိုက်တော့ သူပါ ဝင်ထိုင်သည်။  ပီးတော့ new တို့ oaujun fait တို့ ကပါ လာထိုင်ကြသည်။ ပီးတော့ mari နဲ့ jan က mom ကို ဝိုင်းလုပ်နေ၍ ထွက်မလာသေးပေ။ အဲချိန်မှာ kit က

''လာ p'sing ကျွန်တော်တို့ အပေါ်သွားမယ် သီချင်းတီးပြမယ်''

par က
''အေး ဟုတ်တယ် သွား သားတို့လိုက်သွား အေးအေးဆေးဆေးနေကြနော်''

''ဟုတ်ကဲ့''

ကျွန်တော်တို့ တက်လာခဲ့သည်။ အပေါ်ရောက်တော့ ကျွန်တော်ကအရင် ထောင့်ဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။ fait တို့ oaujun က ကျွန်တော့်ကို ကျော်ပီး ဝင်ထိုင်ကြသည်။ new နဲ့ web က ရှေ့ခုံတွင် ဝင်ထိုင်ကြသည်။ လိုက်ကြည့်လိုက်တော့ အခန်းတစ်ခန်းနဲ့ မှန်လုံခန်းမှာ ဒရမ်တွေ ဂီတာတွေကို အခန်းထဲတွင် စနစ်တကျရှိနေတာကို တွေ့ရသည်။ သူက အခန်းတံခါးကို ဖွင့်ထားပီး ဝင်လိုက်သည်။ ပီးတော့ ဒရမ် ခုံမှာ ထိုင်ပီး ဒရမ်ကို တီးခတ်လိုက်သည်။

သူ့ရဲ့ ကျွမ်းကျင်စွာတီးခတ်နေတာကို ကြည့်ရင်း နားထောင်နေလိုက်သည်။ မှန်လုံဆိုပေမဲ့ အခန်းတံခါးက ဖွင့်ထားတော့ အပြင်ကို ကြားနေရသည်။ kit ရဲ့ တီးခတ်​ပုံကို ကြည့်​​နေရင်း ကျွန်​​တော်​စိတ်​​တွေ ပူပန်​မှုဖြင့်​လေးလံ​နေခဲ့သည်​။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now