အပိုင်း ၈.၂ ။ တစ်စုံတစ်ယောက်အား လက်ဆောင်ပေးခြင်း အပိုင်း ၂

Comenzar desde el principio
                                    

ထူးဆန်းစွာပင် သူမရဲ့အပြတ်အတောက်မရှိတဲ့အသံမှာ နိမ့်တလှည့်မြင့်တလှည့်ဖြစ်နေတာကိုကြားနိုင်သည်။

သူမ စကားအနည်းငယ်လေးတည်းနှင့် ဖြစ်စဉ်တစ်ခုလုံးကိုရှင်းပြနိုင်သွားသည်။ငှက်နှစ်ကောင်တစ်ခါတည်းပစ်ဆိုသလို သူမ အိမ်ရှင်မရဲ့အငြင်းပွားလို့ရတာတွေကိုတစ်ခါတည်း ပိတ်လိုက်သည်။အကယ်၍သာ အိမ်ထောင်ရှင်မ ဆက်ပြီးငြင်းနေမည်ဆိုပါက တခြားသူတွေက သူမ ကိစ္စကိုဖုံးဖို့ကြိုးစားနေတာလို့ထင်ပြီးပိုဆိုးသွားနိုင်သည်။

"ဒါဆိုအဲလိုပေါ့!" တစ်ယောက်ယောက်ကအံ့သြတကြီးရေရွတ်လိုက်သည်။

"ငွေကအဖိုးကြီးပိုင်တာပေါ့။ ဘာလို့လဲဆိုတော့ သူက မုန့်ကြွပ်တွေဝယ်ပြီးဆီတွေပေသွားတယ်။ ငွေနဲ့ရေထိတော့မှပဲအမှန်ပေါ်လာတာ ဒါငွေကစကားပြောတာမဟုတ်လား။"

လူအုပ်ကြီးမှာအားတက်သရောဆွေးနွေးနေကြသည်။ တစ်ယောက်ချင်းစီတိုင်းကကျန်းယွမ်အား အလွန်အံ့သြသင့်သွားကြသည်။ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနှင့် ဥာဏ်ထက်တယ်ဆိုတာ တကယ်လေးစားစရာပင်။ အဖိုးကြီးကသူမလှုပ်ရှားသမျှကိုလိုက်ကြည့်နေတုန်းဖြစ်သည်။

သူမသူစွပ်စွဲခံရတာကနေလွတ်အောင်လုပ်ပေးခဲ့သည်။ပုံမှန်ဆိုရင် သူအလွန်ပျော်ရွှင်ကာအံ့သြသင့်မှုတွေနဲ့ဖြစ်နေသည်။ ကျန်းယွမ်အပေါ်အကြည့်တွေက နူးညံ့သွားသည်။ခုနကခေါင်းမာမာနှင့်ငြင်းခဲ့သည့်ပုံနှင့်တခြားစီ။

ကလေးကိုပိုက်ထားရင်း အိမ်ရှင်မကဆက်ငြင်းဖို့လုပ်သေးသည်။
"နင့်တစ်ဖက်သတ်စွပ်စွဲချက်-"

"လူကြီးမင်း..။" ကျန်းရွမ်က သူမစကားတွေကိုနားမထောင်ပဲအဖိုးကြီးဘက်လှည့်လိုက်သည်။

"ဒီကိစ္စကတကယ်ရိုးရှင်းပါတယ်။ ဒီနေရာမှာရှင့်ကိုတရားမျှတမှုရအောင်မလုပ်ပေးနိုင်တဲ့လူတွေအများကြီးရှိမှတော့ ဒီနေရာမှာအချိန်ဖြုန်းမနေပါနဲ့တော့။ အရှေ့လမ်းက ရာဇဝတ်တရားသူကြီးစီရင်စုကိုသာသွားလိုက်ပါတော့။ ရှင့်အတွက်တရားမျှတမှုရအောင်လုပ်ပေးနိုင်မဲ့သူ တစ်ယောက်ယောက်ရှိမှာပါ။"

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDDonde viven las historias. Descúbrelo ahora