ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၅၇

Start from the beginning
                                    

''ဒါဆို ငါတို့ သွားပီနော်''

''အေး အေး''

fait က ရပ်ပီးပြောတော့ သူတို့နှစ်ယောက်ပါရပ်သွားသည်။ ပြောပီးတော့ fait နဲ့ oaujun က ရှေ့ကထွက်သွားတော့ p'sing ကိုလှမ်းကြည့်တော့ သူက ကျွန်တော့်ကို လှမ်းကြည့်ပီး နှုတ်ခမ်းလေးတက်ရုံလေး ပြုံးပြပီး အထွက်မှာ ကျွန်တော် ဘယ်လိုပြောရမှန်းမသိဖြစ်နေ သည်။ သူကျွန်တော့်ကို ကျော်သွားတော့ အနောက်ကနေ သူ့လွယ်အိတ်လေးကို လှမ်းဆွဲလိုက်သည်။ သူက ပြန်လှည့်ပီး ကြောင်ကြည့်နေသည်။ p'sing က လိုက်မလာတော့ fait တို့ပါ ရပ်ပီး လှည့်ကြည့်သည်။

sing//
ကျွန်တော်တို့ ပြန်တော့ သူက par စောင့်ဦးမယ်ဆို၍ fait တို့က နှုတ်ဆက်ပီး ထွက်သွားသည်။ ကျွန်တော်လည်း သူ့ကို ပြုံးပြပီး ထွက်လာခဲ့သည်။ မနေ့ကလို ကျောင်းရှေ့ရောက်မှ ပြန်လာစမည်ဆိုပီး သူ့ကို ကျော်အလာမှာ အနောက်ကနေ ကျွန်တော့် လွယ်အိတ်ကို ဆွဲတာခံလိုက်ရသည်။

ဒါနဲ့ ကျွန်တော်က လှည့်ကာ ဆွဲထားတဲ့ လက်ကို ကြည့်ပီး သူ့ကို မော့ကြည့်လိုက်သည်။ သူက ပြုံးစိစိလေး လုပ်ပီး 

''p'sing ကျွန်တော် တစ်ယောက်တည်း စောင့်ရမှာပျင်းလို့ ဝိုင်းစောင့်ပေးပါလား''

ကျွန်တော် ပြုံးလိုက်မိသည်။ ပီးတော့ fait တို့ကို ကြည့်လိုက်တော့ oaujun က

''ဒါဆို ကျွန်တော်တို့ သွားပီ''

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ ပီးတော့ သူ့ကို ကြည့်ပီး

''စောင့်ပေးမယ်လေ လာ''

ပြောပီး ကျွန်တော်က သူ မနေ့ကထိုင်တဲ့ ခုံတန်းမှာ သွားထိုင်လိုက်သည်။ သူက လိုက်လာပီး မထိုင်ပဲ ရပ်နေသည်။ ဒါနဲ့ ကျွန်တော်က သူမထိုင်သေးလို့ မော့ကြည့်လိုက်တော့
သူက ကျွန်တော့်ကို ကြည့်ပီး ပြုံးနေသည်။ ကျွန်တော်က မျက်လုံးပြူး ကြည့်လိုက်ပီး

''ထိုင်လေ''

သူက ခေါင်းခါပြပီး
''ကျွန်တော် သွားစရာရှိလို့ လိုက်ခဲ့ပေးပါလား''

''အော ဒါဆိုသွားလေ''

ကျွန်တော်တို့ ထွက်လာခဲ့သည်။ သူသွားတဲ့အတိုင်းလိုက်လာတော့ မနေ့က ကျွန်တော်တို့ တွေ့တဲ့နေရာကို သွားနေသည်။ ကျွန်တော် အနောက်ကနေ ပြုံးလိုက်မိသည်။ အပေါ်က ကျွန်တော်တို့ ထိုင်တဲ့ ခုံနားရောက်တော့ သူက သေချာကြည့်ပီး

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now