အပိုင်း - ၂၃

Start from the beginning
                                    

"ကိုဟိန်း ... ကိုဟိန်း ... ညီ့ကိုဒါလေးကူရေးပေး"

အခုတလောညီ့ရုံးကဆင်းလိုက်ရတဲ့အချိန်ပိုဆိုတာ တစ်ပတ်လောက်ရှိပြီ။ အချိန်ပိုဆင်းရလို့ အပြန်အေးဆေးနေရမယ်ထင်တာမှားတယ်။ အကြီးကြီးမှားတယ်။ အိမ်ကိုအလုပ်တွေသယ်လာရသေးတယ်။ သူပါလုပ်ရုံမကလို့ကိုယ်ပါဝိုင်းလုပ်ပေးလိုက်ရတယ်။ ညီ့ရုံးကိုသိပ်တော့မကျေနပ်ချင်ဘူး။ အားနေအလုပ်ပဲခိုင်းနေကြတာ။ ညီ့မျက်နှာလေးက ဇီးရွက်လောက်ပဲကျန်တော့တယ်။

"ညီ ထွက်လိုက်တော့"

"အင် ... ဘာကိုလဲကိုဟိန်းရဲ့"

"အလုပ် ... ညီအလုပ်ထွက်လိုက်တော့ ... အစိုးရအလုပ်မလုပ်နဲ့တော့"

"ဟာဗျာ ... မထွက်ချင်ပါဘူး ... ဘာလို့ထွက်ရမှာလဲ"

"ညီပင်ပန်းတယ်လေ၊ အခုလည်းကြည့် အချိန်ပိုဆင်းလို့လည်းမပြီး ... အိမ်ပါအလုပ်တွေသယ်လာရသေးတယ်၊ ဘယ်မှာလဲကိုယ့်အတွက်အချိန် ... မနက်ဆိုသွားပြီ ... ညဆိုမိုးချုပ်တယ်၊ ကိုယ့်အတွက်အချိန်ကအသာထား ... အခုညီပိန်သွားတာသိရဲ့လား ... ညီအရမ်းပင်ပန်းနေပြီ"

"ထွက်လိုက်တော့ ကျွန်တော်ကဘာသွားလုပ်ရမှာလဲ"

"အိမ်မှာနေ ... ကိုယ့်အနားမှာနေလေ"

"မထွက်နိုင်ပါဘူး ... ခက်ခက်ခဲခဲရထားတဲ့အလုပ်လေးကို ... မရဘူး မထွက်ဘူး"

"ညီ မဆိုးနဲ့ကွာ ... ထွက်ဆိုထွက်"

"မ ... ထွက် ... ဘူး၊ ပေးတော့ ကိုယ့်ဘာသာကိုယ်ပဲရေးတော့မယ်၊ အခန်းထဲဝင်မလာနဲ့ ... အဲ့ဆိုဖာပေါ်မှာအိပ် ... အဲ့ဒါ ကျွန်တော့်ကိုအလုပ်ထွက်ခိုင်းလို့အပြစ်ပေးတာ"

"ဟာ ... ညီ ... ညီ!!!"

ဟိဏ်းဆက်ကအခန်းတံခါးကိုလော့ပါချထားသည်။ ဟိန်းသူတစ်ယောက် တံခါးအရှေ့တွင်မတ်တပ်ကလေးရပ်ပြီး ...

"ညီ အဲ့လိုမလုပ်နဲ့လေ၊ ကိုယ့်အရပ်ကြီးနဲ့ဆိုဖာကသေးသေးလေးလေ ... ဘယ်လိုအိပ်ရမှာလဲ"

"မသိဘူး ... အိပ်ချင်သလိုအိပ်၊ တိုးတိုးနေ ... စာရင်းတွေမှားကုန်ရင် အစ်ကို့ကြောင့်ပဲ"

"ညီ ... ညစာမချက်တော့ဘူးလားဟင်"

"မချက်ဘူး ... ဗိုက်ဆာရင်လက်ကိုက်နေ"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now