အပိုင်း - ၂၃

Start from the beginning
                                    

"သားကိုလွမ်းလို့လာတာလား"

"ဟုတ်ပါ့ရှင် ... ရုံးမှာတွေ့ရတာမဝလို့ အိမ်အထိလိုက်လာတာပါရှင်"

ဟိန်းသူကဒေါ်မေဦးနဲ့ဟိဏ်းဆက်တို့နှစ်ယောက်ကြားတွင်ဝင်ထိုင်လိုက်သည်။

"ဒီနေ့သားတို့ဘာစားချင်ကြလဲ ... မေမေညစာချက်ကျွေးမယ်လေ"

ဟိန်းသူ ဒေါ်မေဦးကိုဖက်လိုက်ပြီး ‌ဒေါ်မေဦး၏ပုခုံးပေါ်သို့ခေါင်းလေးတင်ထားသည်။

"အချွဲလေးပါလား ..."

"သားကိုမေမေကမချစ်ဘူး ..."

ဟိန်းသူ၏မျက်ရည်တွေ ‌ဒေါ်မေဦး၏ပုခုံးပေါ်သို့ကျကုန်သည်။ ဒေါ်မေဦး ဟိန်းသူ၏ကျောပြင်လေးကိုလက်ကလေးနဲ့အသာလေးပွတ်သပ်ပေးနေ သည်။

"သားကိုညီနဲ့လမ်းခွဲခိုင်းတယ် ... သားချစ်ရတဲ့သူနဲ့လမ်းခွဲခိုင်းတယ် ... လမ်းခွဲပြီးရင် အတူတူနေကြမယ်တဲ့ ... မေမေကဘာလို့သားကိုဒီလောက်မုန်းနေရတာလဲဟင်၊ သားကအတင်းမွေးခိုင်းခဲ့တာလည်းမဟုတ်ခဲ့ဘဲနဲ့ ... ဘာလို့ သားကိုအဲ့လောက်မုန်းနေရတာလဲ"

"အဲ့လိုမဟုတ်ပါဘူး ... မိဘကသားသမီးကိုမုန်းစရာလားကွယ် ... လဲ့ကြည်က သူ့အတိတ်ကနေရုန်းမထွက်နိုင်သေးလို့ပါ ..."

ဟိန်းသူအငိုတိတ်အောင် ဒေါ်မေဦးအတော့်ကိုချော့ယူလိုက်ရသည်။ ညဘက်လည်းဟိဏ်းဆက်ရဲ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေနေသည်။ ဟိဏ်းဆက်ကဟိန်းသူ၏နဖူးလေးကိုနမ်းလိုက်တော့ ရင်ခွင်ထဲကနေမော့ကြည့်သည်။

"အစ်ကိုကအခုကျတော့လည်း တကယ့်ကလေးလေးပဲ"

"ကိုယ် မင်းနဲ့လမ်းမခွဲဘူးနော် ... ညီအထင်လွဲနေမှာစိုးလို့"

"မလွဲပါဘူး ... ညီကအစ်ကို့ကိုယုံတယ် ... အိပ်ပျော်အောင်အိပ်လိုက်နော် ... ဘာအကြောင်းအရာကိုမှမတွေးဘဲနဲ့ ညီ့ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်လိုက်ပါ"

ဟိန်းသူ ဟိဏ်းဆက်၏ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး မျက်လုံးလေးတွေကို မှိတ်ချထားပစ်လိုက်သည်။ ထိုညကဟိန်းသူကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ခဲ့လေသည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now