သွန်းခ ​ခေါင်းညိမ့်​ကာ ဇွဲထက်​သန့်​ ​ခေါ်ရာ​နောက်​ကို လိုက်​လာခဲ့လိုက်​သည်​။ ​ဆေးရုံထဲမှာ​တော့ များပြားလှတဲ့ ၀န်​ထမ်း​တွေနဲ့ ပျားပန်းခတ်​ လှုပ်​ရှား​နေကြ
သည်​။

လူရှင်းတဲ့ ​ကော်​ရစ်​တာဘက်​အ​ရောက်​....

"သွန်း!"

က​လေးတစ်​​ယောက်​လို သူ့ကို အားကုန်​သိုင်းဖက်​လိုက်​တဲ့ ဇွဲထက်​သန့်​။ မျက်​နှာကို သွန်းခရဲ့ ဘယ်​ဘက်​ပုခုံး​ပေါ်မှာ တင်​လျက်​။

"သွန်း! အခု ကိုယ့်​မှာ သွန်းကလွဲရင်​ ဘယ်​သူမှ ကိုယ့်​အနား မရှိ​တော့ဘူး! ကိုယ့်​ကို မထားခဲ့ပါနဲ့​နော်
သွန်း"

ဇွဲထက်​သန့်​ အသံက အက်​ကွဲသံပါ​ကာရှိုက်​၀င်​သွားသည်​။ စိုးရိမ်​မှု​နဲ့ ပူ​ဆွေးမှု​တွေလဲ ​ရောပြွန်း​နေသည်​။ သွန်းခကို လွတ်​ထွက်​သွားမည့်​အလား ဖက်​ထား
သည်​မှာအသက်​​ရှူ ​တောင်​ မ၀​ချင်​​တော့။

သွန်းခ သူ့ကို က​လေးတစ်​​ယောက်​လိုမျိုး ဖက်​တွယ်
ထားတဲ့ ဇွဲထက်​သန့်​အတွက်​ အား​ပေးစကားကိုရှာ
မရဖြစ်​​နေသည်​။ သူကိုယ်​တိုင်​လဲ အခုကိစ္စအတွက်
အပြစ်​မကင်းသလို ခံစား​နေရသည်​။ ဇွဲထက်​သန့်​သာ သူ့အနားမှာ ရှိမ​နေခဲ့ရင်​ ဒီကိစ္စ​တွေက ဖြစ်​လာ
စရာအ​ကြောင်းမရှိ။

သွန်းခ ​ဘေးနှစ်​ဖက်​မှာ ဆန့်​တန်းချထားတဲ့ လက်
နှစ်​ဖက်​ကို အဲ့တစ်​​ယောက်​ရဲ့ ​ကျောပြင်​​ပေါ်သို့်​ တင်
လိုက်​ကာ ပုတ်​​ပေး​နေမိသည်​။ ပုခုံးက စိုစွတ်​လာ
သည့်​ အ​တွေ့အထိ​ကြောင့်​ ဇွဲထက်​သန့်​ အသံတိတ်
ငို​​နေမှန်း သူသိသည်​။ ရှိုက်​ရင်း တုန်​တက်​သွားတဲ့
ကျောပြင်​ကလဲ သက်​​သေခံ​နေသည်​။

"ကျွန်​​တော်​ ခင်​ဗျားအနားက ဘယ်​မှမသွားပါဘူး"

🎼🎵🎶📲📲📲

ဘောင်းဘီအိတ်​ကပ်​ထဲက ဖုန်းဝင်​လာတာ​ကြောင့်
သွန်းခ လက်​တစ်​ဖက်​ကို အိတ်​ထဲလျို နှိုက်​လိုက်​ပြီး
ဖုန်းကို ယူထုတ်​လိုက်​သည်​။ ကြည့်​လိုက်​​တော့ မမ
ဆီကမို့ ကိုင်​လိုက်​သည်​။

My Owner(Completed)Where stories live. Discover now