ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၃၇

Start from the beginning
                                    

ကျွန်တော် p'sing ဆီကို မျက်လုံးထပ်မံရောက်ရှိသွားပြန်သည်။ သူကလည်း ကင်မရာကို ကိုင်ထားရင်းမှ ကင်မရာပေါ်ကနေ ကျွန်တော့်ကို လှမ်းကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က

''ဟို ရှိတော့ရှိတယ် ''

''ဒါဆို ဘယ်သူလဲ ဒီမှာရှိလား''

sing//
ကျွန်တော် သူ့ရဲ့ အဖြေကိုရင်ခုန်စွာ စောင့်နေမိသည်။

''ဟို ရှိတယ်လေ အဲဒါ ကျွန်တော် ချစ်ရတဲ့ ဒီကသူငယ်ချင်းတွေပါ''

''ဟေး''
''Wow''

သူ့အဖြေကြောင့် အကုန်ဝိုင်းအော်ကြသည်။ ကျွန်တော်လည်း ပြုးလိုက်မိသည်။ တော်တော်လည်တယ်
MC(g) က

''ဖြေတတ်တယ်နော် krist''

''ဟင်း ဟင်း''

''ကဲ nong krist က ဒီပွဲလေး နောက်ဆုံးပိတ်မှာ သီချင်းတစ်ပုဒ်နဲ့ နှုတ်ဆက်ပေးပါလား''

''ဗျာ p' ကျွန်တော် မဆိုတတ်ဘူး''

MC(B) က

''ဟုတ်တယ် nong ဆုနှစ်ဆုလုံးကို ပိုင်ဆိုင်ထားတဲ့ အမှတ်တရလေး ဆိုပေးလိုက်ပါ''

ကျွန်တော် သူ့ကို ကြည့်လိုက်တော့ သူက ကြောင်ပီး ဘာလုပ်ရမလဲဆိုတဲ့အကြည့်နဲ့ ကျွန်တော်ကို လှမ်းကြည့်တော့ ကျွန်တော်က လက်မလေးထောင်ပြလိုက်သည်။ သူက ခေါင်းညိတ်ပြပီး အနောက်ဘက်သို့ လှည့်သွားသည်။

kit//
ကျွန်တော့်ကို သီချင်းဆိုဖို့ပြောတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ ဒါနဲ့ P'sing ကို ကြည့်လိုက်တော့ သူက ကင်မရာကိုင်ထားရင်းမှ လက်တစ်ဖက်လွှတ်ကာ လက်မလေးထောင်ပြသည်။ ကျွန်တော် ခေါင်းပြန်ညိတ်ပြလိုက်ပီး အနောက်ဘက်မှာ ရှိသော တီးဝိုင်း p'တွေကို ဆိုမဲ့ သီချင်းနာမည်ကို သွားပြောလိုက်သည်။ ပီးတော့ နေရာတွင် ပြန်ရပ်လိုက်သည်။ ဒါကို MC P'(g) က

''nong krist ဆိုမယ်နော်''

''ဟုတ်''

''အဆင်သင့်ဖြစ်ပီလား''

''ဟုတ်''

သူတို့က ဘေးမှာသွားရပ်ကြည့်နေသည်။ တီးလုံး သံစဉ် စတင်ထွက်လာသည်။ ပီးတော့ ကျွန်တော်လည်း သီချင်းကို စတင်သီဆိုလိုက်သည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now