အပိုင်း - ၁၉

Zacznij od początku
                                    

"အင်း"

"အဲ့တာ မြိုင်နံ့သာကမေမေ့သမီးပဲ၊ ကိုယ်နဲ့ဆို အမေတူအဖေကွဲ ညီမလေးပေါ့၊ ကိုယ်လည်းသိသိချင်း လန့်သွားရတာ၊ မြိုင်ကလည်း သူလည်းတော်တော့်ကိုစိတ်တင်းပြီး ကိုယ့်ဆီဆက်သွယ်ရှာတာ"

"သိတာကြာပြီလား"

"သိပ်တော့မကြာသေးပါဘူး၊ ကိုယ် ညီ့ကိုပြောဖို့ဘယ်ကနေစပြောရမှန်းမသိလို့ မပြောဖြစ်တာ"

"ဒါဆို အစ်ကို့မေမေကိုရော အစ်ကိုမတွေ့ချင်ဘူးလားဟင်"

"ကိုယ်ကတွေ့ချင်လည်း မေမေကမှလက်မခံတာ"

"အကယ်၍ အစ်ကိုမေမေက ညီတို့ပတ်သက်မှုကိုသိသွားရင်ခွဲမှာလားဟင်"

"စိတ်မပူပါနဲ့၊ မေမေက ကိုယ့်ကိစ္စတွေကိုတစ်ခုမှစိတ်မဝင်စားဘူး"

"အစ်ကိုမေမေ့ကိုလွမ်းတယ်မလား"

"အမှန်အတိုင်းပြောရရင် လွမ်းတယ်၊ ဒါပေမဲ့လည်း ကိုယ်နေတတ်ပါတယ် ကိစ္စမရှိပါဘူး၊ အခု ညီအထင်မလွဲတော့ဘူမလား"

"အင်း သူ့ကိုဖုန်းပြန်ဆက်လိုက်ဦး၊ သူဘာပြောမလို့လဲမသိဘူး"

"ဟုတ်ကဲ့ပါခင်ဗျာ"

ဟိဏ်းဆက်ကို အရှေ့မှာထားပြီး မြိုင်နံ့သာဆီကို ဖုန်းခေါ်လိုက်သည်။ ဟိဏ်းဆက် ကြားနိုင်စေရန် စပီကာဖွင့်ထားလိုက်သည်။

"ဟယ်လို! ကိုကြီး နေကောင်းလား"

"ကောင်းပါတယ်၊ မြိုင် တော်တော်မွှေတယ်နော်၊ ဘယ်လောက်တောင်ရှင်းပြလိုက်ရလဲ သိရဲ့လား"

"မြိုင်ဘာမှမပြောဘူးနော်၊ ရိုးရိုးလေးပြောလိုက်တာ သူ့ဘာသာ ဆန်းဆန်းတွေတွေးသွားတာ"

"နင်ကဘယ်လိုပတ်သက်လဲမေးကြည့်တို့ မပြောပြထားဘူးလားတို့ပြောနေတာလေ၊ အထင်မလွဲဘဲနေမလား"

"ဟယ်! ငါပြောတာဘာမှားလို့လဲ၊ သေချာစဉ်းစားကြည့်ပါ အူတိုလေးရယ်"

"ကဲပါ တော်ကြတော့၊ ဘာပြောချင်လို့ဖုန်းဆက်တာလဲ"

"မြိုင် ပြန်လာတော့မယ်၊ အဲ့တာ မြိုင့်အတွက် နေဖို့စီစဉ်ပေးပါဦးကိုကြီးရယ်"

ချစ်ရ​ပါသော"ညီ"Opowieści tętniące życiem. Odkryj je teraz